"မေမေပြောလိုက်ကာမှ ကျွန်တော်လဲ အရက်သမားလုံးလုံးဖြစ်ရော။မူးပြီးရမ်းတယ်ဆိုတာက ပါလိုက်သေးတယ်။ကိုကိုစိတ်ပျက်သွားရင် ဘယ်လိုလုပ်မလဲ.."

"ဟဲ့ ဒါကတော့ သဏ္ဍာန်လုပ် သရုပ်နဲ့တူအောင်တော့ ပြောရမှာပဲလေ။အလွမ်းနဲ့ဝေးရတယ်ဆိုပြီးပြောရုံနဲ့ နင့်ကိုအမွေဖြတ်လိုက်လို့ပြောရင် သူကယုံမတဲ့လား။ခေတ်ပညာတတ်ဟဲ့ နလပိန်းတုန်းမဟုတ်ဘူး။ကိုယ်ကတဲ့ဇာတ်ကို ကိုယ်မနိုင်လို့ ငါတို့ပါဝိုင်းပြီးဖာနေရတာ။အလွမ်းလေး ခမျာ ဘယ်လောက်သနားဖို့ကောင်းလဲ.."

"ကဲပါ မမရယ်။အလွမ်းလေးက သားအပေါ်မှာ သံယောဇဥ်မကုန်သေးတဲ့ပုံပါ။ရော့..ကြက်သားလေးထည့်စား.မမ။ဒီကောင်လေးကြောင့်လဲ စိတ်ညစ်ခံမနေနဲ့။ကျွန်မတို့ ဒီလောက်ထိ လုပ်ပေးပြီးပြီ။ကျန်တာ သူ့ဇာတ်သူ့ဘာသာ ဆက်ကပါစေ.."

အန်တီမိုးနဲ့မေမေ ထမင်းစားနိုင်ပေမယ့် ကျွန်တော့်မှာဘယ်လိုမှစားလို့မဝင်။အသံလေးကြားရုံနဲ့ နှလုံးသားတစ်ခုလုံးက တလှပ်လှပ်ဖြစ်နေသလို၊နောက်ကျော တပိုင်းတစလေးကိုသာ မြင်လိုက်ရတဲ့အခါ အရင်ကထက် ပါးပါးလှပ်လှပ်လေးဖြစ်သွားတဲ့ ပုံလေးက ကျွန်တော့်ကြောင့်ဆိုတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

"အဲ့လိုတော့မလုပ်ပါနဲ့ အန်တီမိုးရယ်။ကျွန်တော် ဘာတယဆက်လုပ်သင့်လဲဆိုတာတော့အကြံလေးပေးပါအုဲးဗျာ.."

"ပေးနိုင်ပါဘူးတော်.အလွမ်းလေးခမျာ ငါးနှစ်လုံးလုံး ဘယ်လိုအားတွေနဲ့ရှင်သန်ခဲ့ရမလဲ။နင့်လုပ်ပုံတွေတစ်ခုမှမကောင်းဘူး ကြယ်တာရာဆွေးရဲ့။.."

"အန်တီမိုးဆူရင်လဲ ခံရမှာပဲဗျာ..ကိုကိုတစ်​ယောက်တည်းခံစားနေရတာဆိုရင် မှားသွားလိမ့်မယ်။ကျွန်တော် ကိုယ်တိုင်လဲ ခံစားခဲ့ရတာပဲ။မေမေပြောသလိုပဲလေ။အိမ်ထောင်ရေးလမ်းဆိုတာ ကြမ်းတမ်းတယ်တဲ့။လောကဓံနဲ့ကြုံလာရင် ကိုယ်ချစ်တဲ့သူတွေကပဲ ကိုယ့်အနားမှာရှိနေတော့မှာ။ကျွန်တော်က ကိုကို့အပေါ် အပျော်လား၊တစ်သက်လုံးအတွက်လား ပိုပြီးသေချာချင်လို့၊အဆက်သွယ်ဖြတ်တဲ့အထိလုပ်ခဲ့ရတာပါ.."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedWhere stories live. Discover now