Part☁️19(U)

1.2K 101 7
                                    

"သား..ဘယ်တော့ပြန်လာမလဲ.."

ကျွန်တော်တို့ညစာစားနေတော့ မေမေ့ဆီက ဖုန်းဝင်လာခဲ့သည်။နွေရာသီကျောင်းပိတ်ရက်တွေနဲ့၊သီတင်းကျွတ်၊ဒီဇင်ဘာပိတ်ရက်တွေမှာ အိမ်ပြန်နေကျဖြစ်တာကြောင့်မေးခြင်းဖြစ်ပါတယ်။အခုလာမယ့် သင်ရိုးသစ်မှာ ကိုယ်ပိုင်ကျောင်းတစ်ခုက ဘာသာစုံGuideလုပ်ပေးဖို့ ကမ်းလှမ်းလာတာကြောင့် သုံးလလုံးတော့အိမ်မှာနေလို့ရမှာမဟုတ်တော့ပေ။မတတ်နိုင်.ကိုယ်ပိုင်အတည်တကျအလုပ်လေးရှိရင်တော့ ကျွန်တော့်ရွာလေးမှာပဲ အတည်တကျနေချင်သည်။ရွာရဲ့အေးချမ်းမှုလေးနဲ့ နွေးထွေးမှုလေးတွေကို တောင့်တမိပေမယ့် အခုကေတာ့ ထိုအရာတွေအားလုံး အိပ်မက်သာသာပင်။

"ဆယ်တန်းတွေ ဖြေပြီးတာနဲ့ချက်ချင်းပြန်လာမှာမေမေ။ဘာမှာစရာရှိသေးလို့လဲ။ကျွန်တော်ဘာဝယ်ခဲ့ရမလဲ.."

"ဘာမှဝယ်လာစရာမလိုဘူးဟယ်။နင်လူသာရောက်အောင်ပြန်လာခဲ့။ခုနှစ်နွေမှာ နွှဲရမယ့်ပွဲတွေက များတယ်။နင့်ညီဝမ်းကွဲလေး ရှင်ပြုပွဲလဲရှိတယ်၊ရွာလယ်ပိုင်းကလဲ မင်္ဂလာဆောင်ရှိတယ်။ကျွန်းကုန်းဘက်က အမျိုးတွေလဲ လာကြမှာဆိုတော့ တတ်နိုင်သမျှစောစောသာပြန်ခဲ့..."

"ဟင်..သူတို့က တပေါင်းလကြီး မင်္ဂလာဆောင်ကြမလို့တဲ့လား။မလုပ်ကောင်းတာတွေ.."

ရွာတွေရဲ့အယူအရ တပေါင်းလမှာ မင်္ဂလာမဆောင်ကောင်းပေ။ရှေးခေတ်အခါတွေက မင်းညီမင်းသားတွေဘုရင့်ဆွေတော်မျိုးတော်တွေသာ ထိမ်းမြှားကြတဲ့လရာသီဖြစ်တာကြောင့်ရွာတွေက အယူသီးကာ တပေါင်းလကမင်္ဂလာမဆောင်ကောင်းတဲ့ရာသီဆိုပြီးပြောကြတဲ့ စကားတွေလဲ ကြားဖူးနားဝရှိလှသည်။
အလှူရော၊မင်္ဂလာဆောင်ရောရှိတာဆိုတော့ ခုနှစ်ရွာမှာလူစီပေအုံးမယ်။အပျော်အပါးခုံမင်ကြတဲ့ရွာလဲ ဖြစ်တာကြောင့် ဘာပွဲရှိရှိသိုက်သိုက်ဝန်းဝန်းရှိကြသည်။

"တန်ခူးလမှပါ။တပေါင်းမဟုတ်ပါဘူး.."

"အဝေးကြီးလိုသေးတယ်မေမေရယ်။ခုမှ တပို့တွဲပဲရှိသေးတာ။လောလိုက်တာ အရမ်း.."

"သတိရတုန်းကိုပြောရတာဟဲ့။အေးအေး ဒါဆိုဖုန်းချပြီ၊မီးလာတုန်းလေး ထမင်းစားအုံးမယ်။မဟုတ်ရင် ဖယောင်းတိုင်နဲ့ ညားနေမှာ။ဟဲ့နေအုံး ဒါနဲ့မေးစရာရှိလို့..."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedWhere stories live. Discover now