Part🌵25(U)

1.1K 88 4
                                    

ဆယ့်နှစ်နာရီတိကနဲထိုးတာနဲ့ ထွက်ပေါ်လာတဲ့ခေါင်းလောင်းခေါက်သံနဲ့အတူ ကျောင်းတံခါးဝကြီးဆီမှအလျှိုလျှိုထွက်လာကြတဲ့ကျောင်းသားတွေကိုမြင်လိုက်ရတော့ ငယ်ဘဝကိုပြန်ရောက်သွားသလိုထင်ရသည်။ကျွန်မတို့ငယ်ငယ်ကသင်ခဲ့တဲ့ကျောင်းကြီး၊ငယ်ဆရာတွေမရှိတော့ပေမယ့် လှပမြဲ၊လှပနေဆဲကျောင်းတော်ကြီးဟာ ငယ်ဘဝရဲ့ပုံရိပ်တွေကို မှန်တစ်ချပ်လို မီးမောင်းထိုးပြနေသည်။

"ဘေဘီလေး..သားကိုကြည့်နေအုံးနော်။ငါတို့ကိုမတွေ့လို့ ယောင်လည်လည်ဖြစ်နေအုံးမယ်.."

"မဖြစ်ပါဘူး တီလေးရယ်..မသိရင်သူ့သားက ခုမှအပြင်လောကနဲ့ထိတွေ့ဖူးတဲ့သူကျနေတာပဲ.."

"ဟဲ့..ဟိုမှာလားလို့.။.ငါ့သားအရပ်ကြီးကရှည်လိုက်တာဟယ် ကြည့်ပါအုံး။ပြုံးရွှင်လာတဲ့ပံ​ြထြာက်ရင်တော့ ဖြေနိုင်တဲ့ပုံပါပဲ..."

လူကြားထဲမှာထင်းထွက်နေတဲ့ အရပ်ကလဲ ဂုဏ်ယူစရာတစ်မျိုးပင်။အရာရာကို အထက်ဆီးကကြည့်နိုင်တဲ့သူဆိုပြီးတော့လဲကောက်ချက်ချလိုက်ချင်သည်။မြန်မာစာဖြေတဲ့နေ့မလို့ထင်တယ်။ကျောင်းသားတွေအကုန်ပြုံးပြုံးရွှင်ရွှင်နဲ့ထွက်လာကြတယ်။ရေခဲစိမ်Sharkဘူးကို ထုတ်ရင်း သားကိုလက်လှမ်းပြလိုက်သည်။

"သား..ဖြေနိုင်ရဲ့လား။ရော့..ဒါလေးသောက်လိုက်အုံး..."

အသင့်ဖောက်ထားတဲ့ဘူးကို မျက်မှောင်တစ်ချက်ကျုံ့ကြည့်ရင်း တစ်ကျိုက်မော့သောက်ပြီးမှ

"မေမေတို့ကလဲဗျာ..ဆယ်တန်းကျောင်းသားတွေစာဖြေပြီးထွက်လာရင် sharkဘူးတိုက်ရတယ်လို့ ဘယ်လော့ဂျစ်က စခဲ့တာလဲ။ဘယ်သူ့ပဲကြည့်ကြည့်sharkဘူးကိုယ်စီနဲ့။စိတ်လေတယ်..."

"ဟဲ့..အချဥ်ဓာတ်လေးပါတော့အမောပြေတယ်။Energy drinkဟဲ့..အရမ်းဇီဇာကြောင်တာပဲ။သောက်ရတဲ့အချိန်ကိုသောက်ထား..နင်ဆယ်တန်းပြီးရင်ကိုယ့်ဘာသာပဲ ဝယ်သောက်ရမှ.ခုလိုတိုက်မယ့်သူလုံးဝကိုရှိမှာမဟုတ်တော့ဘူး...ငါ့တုန်းကလဲ အဲ့လိုပဲ။ဆယ်တန်းတုန်းကတော့ ဟိုလူကမုန့်ဖိုးပေး..ဒီလူကမုန့်ဖိုးပေးနဲ့ဟယ်..ခုများတော့လဲ သီတင်းကျွတ်ကန်တော့တာတောင် အရင်းရှုံးသေးတယ်..."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedWhere stories live. Discover now