Part🌵26(U)

1.1K 85 5
                                    

အဖွားဆုံးတာ တစ်ပတ်ပြည့်ခဲ့ပြီ။ဆယ်တန်းကျောင်းသားတွေလဲ သင်္ချာအထိဖြေပြီးပြီ။ခုနေ့က တနင်္ဂနွေနေ့ဖြစ်တာကြောင့် စာမေးပွဲမရှိပေ။မနက်ဖြန်ဆို ဓာတု၊ဒီလိုနဲ့ပဲ တစ်နှစ်ပြီးတစ်နှစ်ပြီးသွားအုံးမည်။ထွက်ခွာသွားတဲ့သူတွေလဲသွားခဲ့ပြီ..အသစ်ရောက်လာတဲ့သူတွေလဲ ထပ်တိုးခဲ့ပြန်ပြီ။လောကနိယာမအတိုင်း ဖြစ်ပြီးပျက်တတ်တဲ့သဘော..အဟောင်းတွေနေရာမှာ အသစ်တွေအစားထိုးလာခဲ့တာဟာ ဖြစ်ရိုးဖြစ်စဥ်အရာတစ်ခုပင်မဟုတ်ပါလား။အဖွားအတွက်ရည်စူးပြီးပန်းတွေကပ်လှူဖို့ ဘုရားကိုလာခဲ့ခြင်းဖြစ်သည်။စိတ်ဖဲမှာတော့ဘယ်လိုမှမကောင်း။ဟန်မဆောင်နိုင်လောက်တဲ့အထိ ကျွန်တော်ပြိုလဲချင်နေပြီ။တရားသဘောနဲ့ပဲ စိတ်ကိုဖြေရနေရပါတယ်..ဘယ်အရာမဆိုမြဲမှမမြဲတာပဲလေ။

"ဖိနပ်ငါ့ကိုပေးလေ အလွမ်း..မင်းလက်ထဲမှာ ပန်းတွေနဲ့ဆိုတော့ မယူတတ်ပဲနေလိမ့်မယ်.."

ပိုင်ခန့်က ကျွန်တော့်လက်ထဲက ဖိနပ်ကို အတင်းဆွဲယူရင်းဖိနပ်အပ်တဲ့နေရာမှာ အပ်နေသည်။အဖွားကြိုက်တတ်တဲ့ စံပယ်ပန်းလေးတွေ၊နှင်းဆီပန်းလေးတွေကို ရွေးဝယ်ကာ ဘုရားလှူဖို့စိတ်ကူးထားတယ်။အခုအချိန်ခရေတွေမပေါ်သေးတာကြောင့် ကံ့ကော်ပန်းတွေသာဝယ်ခဲ့ရသည်။

"ခုနေ့တစ်ရက်တော့ နားလိုက်ပါလားကွာ..မင်းကြည့်ရတာ နုံးနေတာပဲ။"

"ရပါတယ်..ငါ့အလုပ်က နားနေလို့ရတဲ့အလုပ်မှမဟုတ်ပဲပိုင်ခန့်ရာ။လူကမပင်ပန်းပါဘူး..အဖွား.ငါအဖွားကိုသတိရသွားလို့...သူ့အတွက်ရည်စူးပြီးဘုရားမှာပန်းလှူနေရတယ်ဆိုတဲ့ခံစားချက်ကြီးက လုံးဝမကောင်းဘူးကွာ။.."

ပိုင်ခန့်က ကျွန်တော့်မျက်ရည်တွေကို သုတ်ပေးရင်းမျက်နှာတော့လွှဲထားသည်။ကျွန်တော်ငိုနေတာကို မကြည့်ရက်တာပဲနေပါလိမ့်မည်။ပိုင်ခန့်အပေါ်ကျွန်တော်ဆိုးမိပေမယ့် အပြစ်မမြင်တတ်တာကြောင့်တစ်ခါတစ်လေမှာ အားမလိုအားမရဖြစ်ရတဲ့အခါတွေလဲရှိသည်။

"ပြီးပြီးသားတွေပြီးပါစေတော့ အလွမ်းရာ။ငါအများကြီးမနှစ်သိမ့်တတ်ဘူး...မင်းငိုနေရင်ငါမနေတတ်ဘူးကွာ။အဲ့ဒါကြောင့်မငိုနဲ့တော့။ဘုရားပန်းလှူပြီးရင် တစ်နေရာရာသွားပြီးတစ်ခုခုစားရအောင်..မင်းဘာစားချင်လဲ။ငါကျွေးမယ်."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedWhere stories live. Discover now