Part☁️8(U)

1.7K 126 2
                                    

ညနေလေးနာရီ...

ခုနေ့တော့ ထူးခြားမှုတစ်ခုရှိနေ၏။ညနေခင်းဖြစ်တာကြောင့် နေရဲ့အလင်းရောင်နဲ့ပူလောင်မှုတွေလျော့သွားတဲ့အချိန်လည်းဖြစ်သည်။ဝရံတာပေါ်မှာ စားပွဲဝိုင်းတစ်ခုချထားပြီး ဟိုကောင်လေးထိုင်နေ၏။ထိုင်ပြီးစာကြည့်နေတယ်ဆိုရင် မှားသွားလိမ့်မည်။အနက်ရောင်ဖုန်းလေးနဲ့ gameဆော့နေခြင်းပင်ဖြစ်ပါလိမ့်မည်။ကျွန်တော်အိမ်ထဲဝင်သွားတာကိုတောင် သတိမထားမိသေးဘဲ ဖုန်းကို သဲကြီးမဲကြီးနှိပ်နေပုံထောက်ရင်တော့ တော်တော်လေး စာတွေရနေတဲ့ပုံပင်။

"ကြွပါရှင့် ဆရာလေး။အိမ်ပေါ်မှာ ကြယ်တာရာစောင့်နေပါတယ်.."

ညနေလေးနာရီဖြစ်နေတာကြောင့် ရုံးဆင်းချိန်ဖြစ်ပါလိမ့်မည်။ဒါပေမယ့်အန်တီက ပိုက်ဆံအိတ်တစ်လုံးကိုကိုင်ကာ အပြင်ပြန်ထွက်တော့မည်ပုံစံဖြစ်နေသည်။ခိုပြာရောင်ဝမ်းဆက်နဲ့ အပျိုတစ်ယောက်ရှုံးလောက်အောင် ပြင်ဆင်ထားပုံပေါက်ရင်တော့ ပွဲတစ်ခုသွားတာပဲ ဖြစ်ပါလိမ့်မည်။ကျွန်တော်လဲ ခြံထဲမှာစိုက်ထားတဲ့ ဘူးသီးနုတစ်လုံးကို ခူးလာတာကြောင့် ထုတ်ရင်းကမ်းပေးလိုက်သည်။

"အိမ် ဘူးသီးခူးလာတာအန်တီ။နုနုလေးဆိုတော့ ကြက်သားနဲ့ရောချက်ပြီးစားရင် တော်တော်ချိုမှာ.."

"ကျေးဇူးပါဆရာလေးရယ်။သားက ဘူးသီးချက်အရမ်းကြိုက်တာ။ရေခဲသေတ္တာထဲထည့်ထားရင် ဘူးသီးကကောင်းသေးတယ်မလားဆရာလေး။ခုနေ့တော့ ချက်ဖို့အချိန်မရလောက်တော့ပါဘူး။ပွဲတစ်ခုသွားစရာရှိလို့လေ."

"ရေခဲသေတ္တာထဲ ထည့်ထားရင်တော့ အဆင်ပြေပါတယ်။နည်းနည်းတော့ နွမ်းသွားမယ်ထင်တယ်။"

"မနက်ဖြန်တော့ မမိုးပြန်လာမယ် ဆရာလေး။သူပြန်လာမှပဲ သေချာချက်ခိုင်းတော့မယ်။ကျွန်မချက်ရင် ချိုသလေး၊ခါးသလေးနဲ့ သားက ချေးများအုံးမှာ.."

"ဟုတ်ကဲ့အန်တီ။ဒါဆို ဘူးသီးဘယ်ကိုထားလိုက်ရမလဲ"

"ပေးပေး ဆရာလေး။ကျွန်မ ရေခဲသေတ္တာထဲပဲသွားထည့်လိုက်တော့မယ်။ဒါနဲ့ဆရာလေးကို ကျွန်မတစ်ခု requestလုပ်ရအုံးမယ်.."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedWhere stories live. Discover now