Part🐠46(U)

1.4K 73 4
                                    

"ဟိုကပြန်သွားပြီ..ဆင်းခဲ့တော့။ညီမလေးမိုး နင့်သားကို နင်ပဲပြောတော့ဟယ်။ငါလဲ တစ်နေ့တစ်နေ့ သူ့ကြောင့်နဲ့အသက်တိုတော့မယ်.."

အိမ်ပေါ်ထပ်က ကြားအောင် အသံပေးလိုက်တော့မှ အရပ်ကြီးကလန်ကလားနဲ့မလိုက်အောင် လှေကားပေါ်က ပြေးဆင်းလာသူသားတော်မောင်။မခုတ်တတ်တဲ့ကြောင်လေးလို အမူအရာနဲ့ အိမ်ရှေ့ကိုလဲ ကဲကြည့်နေသေးရဲ့။

"ထမင်းပွဲပြင်လိုက်တော့မယ် မမ။လာ..သားရော ထမင်းစားခန်းထဲကို။..."

ထမင်းတစ်လုတ်နှစ်လုတ်လောက်သာစားနိုင်ပြီး စိတ်က ကိုကို့ဆီရောက်နေသည်။အိမ်ပေါ်ကနေ အသံတွေခိုးနားထောင်နေပေမယ့် ပြတ်ပြတ်သားသားတော့အကြားရ။ကိုကို့အပေါ် ပိန်သွားတယ် ၊အသားတွေညိုသွားတယ်ဆိုပြီး ဝေဖန်နဲ့မေမေ့အသံကိုကြားတော့ ပြေးတွေ့လိုက်ချင်တာမှ။မေမေတို့ကအစ လိမ်ပေးထားတဲ့ ကိုကိုနဲ့ကျွန်တော့်ကြားက ပြေလည်စေချင်တဲ့ ကည်ရွက်ချက်ကြောင့်သာ လှေကားထိပ်ကနေ မဆင်းရဲပဲဆက်နားထောင်နေခဲ့ရတာ။ကျွန်တော့်ကို ကိုကိုခံစားချက်တွေရှိနေသေးတယ်ဆိုတာ ကျွန်တော်ခံစားမိပါတယ်။

"ကိုကို ဘာပြောသွားလဲ အန်တီမိုး။.."

"သူကတော့ စိတ်နာတယ်ဆိုတဲ့အကြောင်းပေါ့သားရယ်။ဆရာလေးကို ကြည့်ရတာ သားအပေါ်တော်တော်မျှော်လင့်ထားတဲ့ပုံပါ။ပြီးတော့ တော်တော်လဲ ချစ်တဲ့ပုံစံပဲ။.."

"လူတစ်​ယောက်နဲ့တစ်ယောက်ဆိုတာ ချစ်ပုံချစ်နည်းချင်းမတူနိုင်ကြဘူးလေ။ဂရုစိုက်တဲ့အချစ်နဲ့ချစ်တာရှိသလို၊မျှော်လင့်ချက်မပါပဲချစ်ကြတာတွေလဲရှိတယ်။ခု အလွမ်းရဲ့ပုံစံက သားရဲ့ဘဝကောင်းစားရေးအတွက်ဆို နှလုံးသားကိုတောင်စတေးရဲတယ်ဆိုတဲ့ပုံစံမျိုး။သူစိတ်နာမယ်ဆိုလဲ နာသင့်ပါတယ် ညီမလေးမိုးရယ်။ကိုယ့်လူဘက်က မှားနေတာပဲဟယ်။ဘာပြောတတ်တော့မလဲ..."

မေမေနဲ့ အန်တီမိုးက သူတို့ထင်မြင်ချက်တွေကိုပြောပြနေသည်။ကျွန်တော်နိုင်ငံခြားမှာရှိနေစဥ်ရော၊ဒီပြန်ရောက်တဲ့အချိန်မှာရော ရည်စားတွေထားတယ်ဆိုတာအမှန်ပါ။ကိုကို့အပေါ် ဘယ်လိုခံစားချက်နဲ့ချစ်တာလဲဆိုတာ ဆန်းစစ်ချင်လို့ ဆိုရင်လဲမမှား။အနေနီးလို့ချစ်တာ၊ဂရုစိုက်မှု၊နွေးထွေးမှုပေးလို့ချစ်တာ အစရှိတဲ့ချစ်ခြင်းတွေကြောင့်လား။စိတ်ရဲ့လိုအပ်ချက်တွေကြောင့်လား သေချာချင်ခဲ့တာ။

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedWhere stories live. Discover now