”အဲ့...အဲ့ဒါဆိုတကယ်မသေဘူးပေါ့နော်...ဟုတ်လား..အဲ့ဒါဆိုဝမ်ရိပေါ်ကတကယ်ပြန်လာခဲ့တာလား....ဟင်...”

””ဟုတ်တယ်ရှောင်းကိုယ်တကယ်ပြန်လာခဲ့တာပါ...”

”အီးးးး....ဟီးးး..တကယ်ဘဲပြန်လာခဲ့တာပါနော်....တကယ်ဘဲ....”

ရှောင်းကျန့်သူ့ရဲ့ခံစားချက်တွေကိုမထိန်းချုပ်နိုင်တော့စွာငိုမိတော့သည်....ဒီလိုအဖြစ်မျိုးကိုသူတစ်ခါမှမတွေးခဲ့ဘူးပေ...သူ...သူ့ရဲ့သေပြီလို့ထင်ခဲ့တဲ့ယောက်ျားကတကယ်ကြီးပြန်လာခဲ့သည်...တကယ်ကိုဘဲဒီလိုဆန်းကြယ်တဲ့ကိစ္စမျိုးကရှိနေသေးရတာလား....,

ရိပေါ်သူ့ရှေ့မှာငိုလာတဲ့ရှောင်းကြောင့်ထိုင်နေရာမှထလို့ငိုနေတဲ့ရှောင်းကိုဖက်ကာနှစ်သိမ့်ပေးမိသည်....
ဒီတစ်ခါနောက်ဆုံးဘဲရှောင်း..နောက်ဘယ်တော့မှရှောင်းမျက်ရည်မကျစေရတော့ဘူး...ကိုယ်ကတိပေးပါတယ်...ဘယ်တော့မှဘဲရှောင်း.....

ရှောင်းကျန့်အတော်ကြာငိုပြီးမှာတော့ရိပေါ်ရဲ့ရင်ခွင်ထဲမှထွက်လို့ရိပေါ်ရဲ့မျက်နှာကိုအချိန်အတော်ကြာငေးကြည့်မိသည်...ဒီလူကရိပေါ်ဆိုတာသူ့ရဲ့Alphaဆိုတာသိနေတာတောင်ဘာလို့သူစိမ်းသက်သလိုခံစားနေမိရတာလဲ...ဒါကအချိန်အတော်ကြာဝေးကွာမှုကြောင့်ဖြစ်လိမ့်မယ်လို့သူထင်ပါသည်...

ရှောင်းကျန့်သူတို့လူကြီးတွေစကားပြောနေတာကိုLeo Wangရဲ့ပေါင်ပေါ်မှာထိုင်လို့သူတို့ကိုကြည့်နေတဲ့သားကိုလှမ်းခေါ်လိုက်တယ်....

”သား..အားယွမ်..လာလေ..ဒီမှာသားဒယ်ဒီပြန်လာပြီလေသား...”

”ဟင့်အင်းး..အဲ့တာသားဒယ်ဒီမဟုတ်ဘူး..သားဒယ်ဒီကဒီမှာလေ..ပါးပါးကလည်း..”

သားရဲ့အပြောကြောင့်ကွက်ခနဲမျက်နှာပျက်သွားတဲရိပေါ်ရဲ့မျက်နှာကိုကြောင့်သူအားနာမိရသည်...

”သား..အားယွမ်အဲ့လိုမပြောရဘူးလေ..ဒါကသားရဲ့ဒယ်ဒီလေ...”

”မဟုတ်ဘူးလို့!!...သားရဲ့ဒယ်ဒီကဒီမှာပါဆိုနေမှ...”

Leo Wangရဲ့လည်ပင်းကိုသူ့ရဲ့လက်သေးသေးတွေနဲ့သိုင်းဖက်လို့အတင်းငြင်းဆန်နေတဲ့သားကြောင့်ရှောင်းကျန့်ရိပေါ်ကိုပိုလို့အားနာလာရသည်...

Other Side Of Love  (Complete)Where stories live. Discover now