OSOL 13 {U+Z}

4.1K 266 6
                                    

Unicode

ရှောင်းကျန့်အိပ်မက်အရှည်ကြီးမက်ခဲ့တယ်။အဲ့ဒီ့အိပ်မက်ထဲမှာပါးရယ်မားရယ်သူရယ်အကြာကြီးပျော်ပျော်ရွှင်ရွှင်နေသွားကြတယ်တဲ့။တကယ်တော့စိတ်ကူးယဥ်အိပ်မက်တွေဆိုတာကိုသူအိပ်မက်ကနေနိုးလာမှုနဲ့သိလိုက်ရတယ်။သူဘယ်ရောက်နေတာလဲ။ဒါသူ့ကွန်ဒိုမဟုတ်ပေ။သူဝမ်ရိပေါ်နဲ့စကားပြောပြီး
ဟုတ်တယ်၊ဝမ်ရိပေါ်ကသူ့ကိုpheromoneတွေနဲ့မေ့အောင်လုပ်ခဲ့တာ။အဲ့ဒါဆိုသူအခုဘယ်ကိုရောက်နေတာလဲ။

သူထလိုက်တော့သူ့ရဲ့ခြေထောက်တစ်ဖက်ကိုသံကြိုးနဲ့သော့ခတ်ထားတာကိုတွေ့လိုက်ရသည်။သူရသလောက်ရုန်းထွက်ပေမယ့်သူ့ရဲ့ခြေထောက်သာနီရဲပြီးနာလာခဲ့သည်။လွတ်ဖို့လမ်းစမမြင်သေးပေ။သူကြိုးစားနေတုန်းမှာဘဲအခန်းတံခါးဖွင့်သံကိုကြားလိုက်ရပြီးလူတစ်ယောက်ဝင်လာခဲ့သည်။

.........
ရိပေါ် ရှောင်းကိုခေါ်ပြီးဘယ်သူမှမသိအောင်ဝယ်ထားတဲ့သူ့ရဲ့အိမ်ကိုခေါ်လာခဲ့တာပင်။ဒီအိမ်ကိုသူဆိုင်ကယ်ပြိုင်လို့ရတဲ့ပိုက်ဆံတွေနဲ့ဝယ်ခဲ့တာဖြစ်ပြီးဒီနေရာကိုဘယ်သူမှမသိပေ။သူ့ရဲ့ကျဲရောသူငယ်ချင်းနှစ်ယောက်ပါမသိအောင်ဝယ်ခဲ့တာဖြစ်သည်။အရင်ကတော့ဒီတိုင်းပိုက်ဆံတွေ သုံးရာနေရာမရှိတာကြောင့်ဝယ်ထားလိုက်တာအခုအတွက်တော့အဆင်ပြေသွားသည်ပင်။သူ့ရဲ့ရင်ခွင်ထဲမှာမေ့မြော‌နေတဲ့ရှောင်းကိုအခန်းတစ်လုရဲ့ကုတင်ထက်အသာချလို့အိပ်စက်စေသည်။

သူကတော့ရှောင်းနိုးရင်စားဖို့တစ်ခုခုပြင်ဆင်ပေးရမည်။ဒါပေမဲ့ရှောင်းနိုးလာရင်ထွက်ပြေးမှာစိုးတာကြောင့်ရှောင်းရဲ့ခြေထောက်တစ်ဖက်ကိုသံကြိုးနဲ့သော့ခတ်ထားခဲ့တာပင်။ဒါမှရှောင်းအလွယ်တကူထွက်ပြေးလို့မရမှာပင်။သူရှောင်းအတွက်အစားအသောက်တွေဝယ်ပြီးပြန်လာတော့အိပ်ယာပေါ်မှာနိုးနေတဲ့ရှောင်းကိုတွေ့လိုက်ရတာကြောင့်သူဝယ်လာတာတွေကိုစားပွဲပေါ်တင်လို့ရှောင်းဆီအပြေးသွားမိသည်။

”ရှောင်း နိုးလာပြီလား။ဘယ်လိုနေသေးလဲခေါင်းမူးတာတွေဘာတွေရောရှိသေးလား။”

”မင်းတော်တော်ယုတ်မာပါလားဝမ်ရိပေါ်အခုမင်းငါ့ကိုဘယ်ကိုခေါ်လာတာလဲ။ဘာလဲမင်းကငါ့ဘဝကိုဖျက်စီးလိုက်တာတောင်မကျေနပ်နိုင်သေးဘူးလား!!!!”

Other Side Of Love  (Complete)Wo Geschichten leben. Entdecke jetzt