OSOL 5 {U+Z}

4.9K 353 7
                                    

Unicode

ရိပေါ် ဆေးရုံကပြန်ထွက်လာပြီးသွားနေကြbarဆီသို့ ဆိုင်ကယ်ကိုဦးတည်မောင်းနှင်လာလိုက်သည်။
သူအခုလောလောဆယ်မှာအရမ်းဒေါသထွက်နေပါသည်။
ရှောင်း ကိုတစ်ခုခုလုပ်မိမှာစိုးလို့သာ
လှည့်ပြန်ခဲ့ရသည်။သူ့စိတ်ထဲမှာတော့အခုထိတနုံ့နုံ့ရယ်။သူ့ဘဝမှာပထမဆုံးချစ်မိတဲ့အချစ်ကိုတော့သူအဆုံးရှုံးမခံနိုင်ပေ။

အတိတ်ကချစ်သူရည်းစားထားခဲ့ဖူးတယ်ဆိုတာကအပျော်တွဲရုံသက်သက်သာ ဘယ်တစ်ဦးတစ်ယောက်ကိုမှစိတ်ထဲတောင်မရှိခဲ့သလိုချစ်တယ်လို့တောင်မပြောဖူးခဲ့ပေ။
ဒီတစ်ခါသာ ဒီတစ်ခါမှသာသူတကယ်ချစ်မိသွားခဲ့တာသူ့ကိုမယုံတဲ့ ရှောင်းကိုသူအပြစ်မတင်ပေမဲ့သူ့ရှေ့မှာအခြားသူနဲ့လက်ထပ်မဲ့အကြောင်းတွေသူ့ကိုမုန်းကြောင်းတွေပြောနေတာကိုတော့သူတကယ်လက်မခံနိုင်ပေ။

အရင်ကဆိုဒီလိုတွေဂရုစိုက်မနေဘဲသူလုပ်ချင်တာလုပ်ပစ်မှာပင်။ဒါပေမဲ့‌ရှောင်း ဖြစ်နေလို့သူ့ဘဝမှာဘယ်သူ့ကိုမှမချစ်ဖူးတဲ့အချစ်မျိုးနဲ့ပထမဆုံးမြတ်မြတ်နိုးနိုးချစ်ရသူမို့နည်းနည်းလေးတောင်အထိခိုက်မခံနိုင်။သူကိုယ်တိုင်တောင်ထိခိုက်အောင်မလုပ်ရက်ပေ။ရှောင်း ကိုသူကမြတ်မြတ်နိုးနိုးနဲ့တန်ဖိုးရှိတဲ့ရတနာတစ်ပါးလိုထားချင်တာ။

ရှောင်း ဘက်ကလည်းသူ့ကိုနားလည်လက်ခံပေးနိုင်ရင်တော့ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးလူသားကသူဖြစ်မှာပင်။ဒါကြောင့်သူလုံးဝလက်မလျှော့နိုင်ပေ။ရှောင်း ဘက်ကသူ့ကိုလက်ခံလာနိုင်အောင်ကြိုးစားမယ်။
တကယ်လို့ရှောင်း ဘက်ကလက်မခံတဲ့အဆုံးကြရင်တော့..........

သူတွေးရင်းbarရှေ့ကိုရောက်လာပြီဖြစ်တာကြောင့်ဆိုင်ကယ်ရပ်လိုက်ပြီးအထဲဝင်လိုက်တယ်။သူဝင်လိုက်တယ်ဆိုရင်ဘဲbarကmanagerအကိုလာနှုတ်ဆက်တယ်။သူတို့သူငယ်ချင်းသုံးယောက်ခဏခဏလာနေတော့ရင်းနှီးနေပြီပင်။

"ဟာ ရိပေါ်ဒီနေ့အစောကြီးဘဲဟိုနှစ်ယောက်လည်းမပါဘူးဆိုတော့ဘာလဲအသည်းကွဲလာတာလား ဟားး ဟားး"

managerကတော့ဟာသ သဘောနှောကာလာရောက်နှုတ်ဆက်ပေမယ့်
သူကတော့တကယ်အသည်းကွဲချင်နေတာကြောင့်အရင်လိုတန်ပြန်မပြောတော့ဘဲထိုင်နေကြဝိုင်းမှာထိုင်လို့အ​ပြင်းဆုံးအရက်သာမှာလိုက်တော့တယ်။managerအကိုကလည်းသူ့မျက်နှာက​​ဒေါသအရှိန်နဲ့အေးစက်မှုကိုခံစားမိတယ်ထင်ပါရဲ့သူ့ကိုဘာမှမပြောတော့ဘဲသူခိုင်းတာကိုလုပ်ပေးနေတယ်။

Other Side Of Love  (Complete)Dove le storie prendono vita. Scoprilo ora