OSOL 8 {U+Z}

4.4K 331 7
                                    


Unicode

ရှောင်းကျန့်ဒီနေ့တော့သူ့ရဲ့ရှားရှားပါးပါးနားရက်လေးရတာကြောင့်ကောင်းကောင်းအနားယူမယ်လို့ဆုံးဖြတ်ထားသည်။သူ့ရဲ့နားရက်လေးကိုကွန်ဒိုမှာဘဲနေပြီးကုန်ဆုံးဖို့ဆုံးဖြတ်လိုက်သည်။ဒီကွန်ဒိုကဆရာရှဲ့ကသူ့အတွက်ငှားပေးထားတာပင်။ဆရာရှဲ့ကသူ့ကိုအခကြေးငွေမယူဘဲနေခိုင်းပေမဲ့သူကလက်မခံတာကြောင့်လစဥ်အိမ်လခနဲ့ဌားနေခြင်းပင်။ဒါပေမဲ့ဆရာရှဲ့ကသူ့အပေါ်မှာအများကြီးလျှော့ပေးထားတယ်ဆိုတာသူသိပါတယ်။မဟုတ်ရင်သူရတဲ့လခနဲ့ဒီလိုကွန်ဒိုမျိုးမှာနေရဖို့ကလုံးဝမဖြစ်နိုင်ပေ။

သူဒီနေ့အိပ်ယာကနိုးလာတော့မနက်၉နာရီ။
သူဒီလိုအိပ်ရေးဝဝမအိပ်ရတာတော်တော်ကြာပြီပင်။သူအလုပ်သင်ဘဝကနေအခုလိုဆရာဝန်တစ်ယောက်ဖြစ်လာဖို့အတွက်ပေးဆပ်ခဲ့ရတဲ့အရာတွေဟာအများကြီးပင်။သူ့ထက်ဝါရင့်တဲ့ဆရာ၊ဆရာမတွေအပေါ်မှာနှိမ့်ချဆက်ဆံပြီးပညာတွေယူခဲ့ရတယ်။သူ့လိုမိဘမဲ့ဂေဟာကနေSchorlar shipနဲ့ကျောင်းတတ်ခဲ့ရတဲ့သူအဖို့အရာရာမှာသူများအောက်ကျခဲ့ရသလိုပိုက်ဆံရှိလူချမ်းသာတို့ရဲ့အနှိမ်ခံဘဝကိုလည်းသူဖြတ်သန်းခဲ့ရတယ်။

Omegaတစ်ယောက်ဖြစ်ပြီးဆင်းရဲတဲ့သူ့ကိုပိုက်ဆံပေးပြီးအိပ်ယာပေါ်ဆွဲတင်ချင်နေကြတဲ့လူချမ်းသာတွေကိုလည်းသူကြုံခဲ့ဖူးတယ်။သူ့အပေါ်အထင်သေးတဲ့မျက်လုံးတွေနဲ့ရှုံချတာကိုလည်းခံခဲ့ရဖူးတယ်။ဘာနောက်ခံမှမရှိလို့သူ့ပိုင်ဆိုင်ရမဲ့အခွင့်အရေးတွေကိုပိုက်ဆံနဲ့ဝယ်ယူသွားကြတဲ့သူတွေနဲ့လည်းကြုံခဲ့ဖူးတယ်။

လူတိုင်းကသူ့ကိုပြောကြတယ်။
!မာနကြီးတယ်။Omegaတစ်ယောက်ဖြစ်နေပြီးကိုယ့်ကိုကိုယ်အထင်ကြီးပြီးဘဝင်မြင့်တတ်တဲ့သူတဲ့!

တကယ်တော့သူကမာနကြီးတာမဟုတ်ဘဲလူတွေနဲ့ဆက်ဆံရမှာကိုကြောက်သွားခဲ့ရုံပါ။သူကြုံတွေ့ခံစားခဲ့ရတဲ့လောကဓံကြောင့်သူ့ကိုယ်သူကာကွယ်ထားတာပါ။သူသာဒီလိုမလုပ်ရင်သူ့ကိုချနင်းပြီးအခွင့်ကောင်းယူသွားကြမယ့်သူတွေပင်။ဒါကြောင့်သူကလောကကြီးကိုမျက်နှာဖုံးနဲ့ဘဲဆက်ဆံတာပါ။

Other Side Of Love  (Complete)Where stories live. Discover now