OSOL 21 {U+Z}

3.6K 224 11
                                    

Unicode

6 years later,

SWITZERLAND

Ti...Ti...Ti

အဆက်မပြတ်မြည်နေတဲ့ဖုန်းသံဟာစားပွဲခုံပေါ်မှာကိုင်သူမဲ့နေသည်။အချိန်အတော်ကြာထိကိုင်သူမရှိတဲ့နောက်ဖုန်းဟာအသံတိတ်သွားသည်။ဒါပေမဲ့လည်းနောက်တစ်ဖန်ပြန်လည်ခေါ်မှုမှာတော့အခန်းထဲကိုဝင်လာတဲ့လူတစ်ယောက်ကကိုင်လိုက်ပြီဖြစ်သည်။

အခန်းထဲကိုဝင်လာတဲ့သူဟာအနက်ရောင်ရှပ်အကျီပေါ်မှာအဖြူရောင်လက်ရှည်ကိုထပ်ဝတ်ထားပြီးအနက်ရောင်pantsနဲ့တစ်လှမ်းခြင်းဝင်လာခဲ့သည်။ဖုန်းကိုကိုင်မြှောက်လိုက်တဲ့လက်မှာလည်းစျေးကြီးပုံပေါ်တဲ့
ရွှေရောင်နာရီတစ်လုံးကိုဝတ်ဆင်ထား‌ သေးသည်။

"Hello,Are you not that useful?
OK,I'm coming there.Wait me."

ဖုန်းပြောပြီးတာနဲ့အတွင်းရေးမှူးကိုထပ်မံဖုန်းခေါ်လိုက်ပြီးလေယာဥ်လက်မှတ်တစ်‌စောင်ပြင်ခိုင်းလိုက်တော့သည်။

ဝမ်အိမ်တော်တွင်ဖြစ်သည်။

"သား အားယွမ် ဘယ်ရောက်နေတာလဲ။ပုန်းနေရာကနေထွက်လာခဲ့တော့ပါးပါးအရှုံးပေးပါပြီကွာ။ထွက်လာတော့ထမင်းစားချိန်ရောက်နေပြီလေ..."

ရှောင်းကျန့်သားကိုအိမ်ထဲမှာပတ်ရှာနေမိသည်။သူဒီနေ့အလုပ်တစ်ရက်နားထားတာကြောင့်သားနဲ့အတူအိမ်မှာအချိန်ပေးနေမိသည်။သူဆရာဝန်အလုပ်ကနေထွက်ပြီးwang gpမှာအလုပ်ဝင်နေတာသားလေး
၄နှစ်လောက်ထဲကဖြစ်သည်။

သူ(ရိပေါ်)မရှိတော့တဲ့နောက်မှာမားဝမ်ကအိပ်ယာပေါ်လဲသွားခဲ့ပြီးအဲ့ဒီ့စိတ်နဲ့ဘဲလွန်ခဲ့တဲ့သုံးနှစ်လောက်ကကွယ်လွန်သွားခဲ့တယ်။
ကျဲကဘယ်လောက်ဘဲသန်မာနေပါစေမိန်းမသားတစ်ယောက်ဖြစ်တဲ့ကျဲဟာမောင်ရောအမေရောဆုံးရှုံးပြီးတဲ့နောက်မှာစီးပွားရေးကိုအရင်လိုဂရုမစိုက်နိုင်တော့ပေ။

ကျဲကိုနဂိုထဲကအနိုင်ယူချင်နေတဲ့ကုမ္ပဏီရှယ်ယာရှင်တွေကwang gpကိုလက်ဝါးကြီးအုပ်ဖို့ကြိုးစားလာကြတယ်။
ဒါကြောင့်ကျဲကိုကူညီပြီးwang gpကိုထိန်းသိမ်းပေးဖို့သူဆုံးဖြတ်ခဲ့သည်။အဲ့ဒါကြောင့်သူဆရာဝန်အလုပ်ကနေထွက်ခဲ့ပြီးwang gpကိုဝင်ခဲ့သည်။

Other Side Of Love  (Complete)Where stories live. Discover now