ရှိရှိသမျှသောလူတွေမှာ တိတ်ဆိတ်နေသလောက် မေးခွန်းထထုတ်သည်မှာ နှစ်ယောက်မရှိနိုင်တဲ့ ဇာတ်လိုက်ကြီး Roger..။

'Ki ဇာတ်လိုက်မတို့ ဖြေဆေးဖော်တာ အခြေအနေဘယ်ထိရောက်ပြီလဲ'

[တိုးတက်လာပါပြီ ဒါပေမဲ့ ပမာဏအနည်းငယ်ပဲရှိသေးတော့ လူတွေအတွက်လောက်ငှမယ် မထင်ဘူး]

Ziraမှာ ဒီကမ္ဘာရောက်ပြီးထဲက ထပ်ရှာတွေ့သောနည်းလမ်းတွေအရ ကုသရေးစွမ်းရည်အမြင့်ဆုံး ပိုင်ဆိုင်ထားသည့် ဇာတ်လိုက်မနှင့်တိုင်ပင်ကာ ယခုလက်ရှိအခြေအနေအား ထိန်းချုပ်ရန် ဖြေဆေးတစ်မျိုးဖော်စပ်ဖို့ ကြိုးစားနေခဲ့ခြင်းပင်။

ဤကား Zombie အကိုက်ခံရလျှင်တောင် virusမကူးစက်နိုင်သောဆေးပင်...။

တစ်နည်းဆိုရသော် Virus ကာကွယ်ဆေး။

ထိုဆေးသာ အောင်မြင်ခဲ့ပါလျှင် ဤကပ်ဆိုးကြီးအား ရပ်တန့်နိုင်ပေလိမ့်မည်။

သို့ပေမဲ့ အခက်တွေ့နေသည်က ဆေးဝါးကုန်ကြမ်းလုံလောက်မှုမရှိခြင်းပင်။

Ziraတို့ နယ်မြေသည်ကား ဆေးဝါးမဆိုထားနှင့် အစားအသောက်တွေသည်ပင် ရှားပါးသည်ဖြစ်ရာ တိုက်ခိုက်ရေးအဖွဲ့သားတို့မှာ ရိက္ခာရှာထွက်လျှင်ပင် ခက်ခက်ခဲခဲ ရှာဖွေရသည်။

သံယံဇာတတို့ကို လက်ဝါးကြီးအုပ်ထားသည်ကား နယ်မြေ(၁)ပင်...။

နယ်မြေ(၂)ကတော့ Zombieအပါးဆုံးဒေသ။

သူ့နယ်မြေတစ်ခုထဲ ဘာလို့ဒီလိုကွက်ဖြစ်နေရတာပါလိမ့်။

တစ်ခုခုတော့ ကြံရပေမည်။

"Zira..."

စဉ်းစားနေသည်မှာ အနည်းငယ်ကြာသွားသည့်အခါ
Rogerထံမှ နာမည်ခေါ်သံက ထပ်မံထွက်လာလေသည်။

Ziraမှာ Roger၏အဖြေအား အပြုအမူတစ်ခုထဲဖြင့်သာ ပြန်ဖြေပါသည်။

မိုးကြိုးစွမ်းအားဖြင့် ဖန်တီးလိုက်သော အချုပ်အနှောင်ကြိုးသည်ကား Roger၏ ခန္ဓာကိုယ်အား လှုပ်မရအောင်ချုပ်နှောင်ပါသည်.။

"ဒီစခန်းမှာ အသက်ဆက်ရှင်ချင်တယ်ဆို မင်းပါးစပ်ကို ဆင်ခြင်တာကောင်းမယ်"

Rebounding System(OC)Where stories live. Discover now