Chapter 217 to 218 U

Start from the beginning
                                    

ယခုတွင်တော့ ဝတ္ထုဇာတ်ကြောင်းတွင် ပြောင်းလဲသွေဖယ်မှုများစွာရှိခဲ့ပြီဖြစ်တာကြောင့် လက်ရှိရီချင်းရဲ့ယခုဧည့်ခံပွဲရှိအခြေအနေကို ရီကျန်းတစ်ယောက် သိချင်နေမိပေတယ်...

" ဘာဖြစ်လို့လဲ? "  လုပေရွှမ်းသည် ရီကျန်းရဲ့အတွေးလွန်နေသောမျက်နှာကြောင့် ထိုသို့မေးလိုက်လေ၏...ထိုအခါ ရီကျန်းက လုပေရွှမ်းရဲ့လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်လေသည်... ရီကျန်းရဲ့ထိုအပြုအမူ​ကို သတိထားမိသွားချိန်၌ " စိတ်လှုပ်ရှားနေတာလား? "

ရီကျန်းသည် လုပေရွှမ်းရဲ့ဒုတိယအမေးကို ခေါင်းခါ၍ပြန်ဖြေလိုက်ပြီး " မဟုတ်ပါဘူး... ကျိုးကျိုးလေးကို ပြန်စဉ်းစားလိုက်မိလို့ပါ... သားက အိမ်မှာတစ်ယောက်တည်းလေ ... "

ထိုအခါ လုပေရွှမ်းသည် အနည်းငယ်မကျေမနပ်ဖြစ်သွားခဲ့လေသည်... အထူးသဖြင့် ရီကျန်းက ယခုလိုအချိန်မှာတောင် သူ့အကြောင်းမစဥ်းစားဘဲ ကျိုးကျိုးလေးအကြောင်းပဲ ပိုဂရုစိုက်နေခြင်းကိုပေါ့... ယခုဆိုလျှင် ထိုကလေးပေါက်စလေးက ' မေမေ ' လို့ခေါ်တတ်နေပြီဖြစ်ပြီး အဖေဖြစ်သူကို အတော်လေးချေမိုးလွန်း၏... ပိုဆိုးသည်က ရီကျန်းကိုပါ အဖေဆီက ပြန်လုချင်နေသောမျက်နှာဖြင့်ကြည့်တတ်သေးသည်... ထိုကလေးပုစိလေးက လုပေရွှမ်းအား နည်းမျိုးစုံဖြင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သောကလေးပင်...

" အမေက သူ့ကိုကောင်းကောင်းဂရုစိုက်မှာပါ...စိတ်မပူပါနဲ့..."

ရီကျန်းသည် အမေလုဆီတွင် ကျိုးကျိုးလေးအား ထားခဲ့ရခြင်းကို စိတ်မပူပါလေ... အမေလုက သူ့မြေးကို ဘယ်လောက်ထိ ဂရုစိုက်သည်ကို သူမ သိပြီးသားပင်... သူမ အမှန်တကယ် တွေးနေသည့်အကြောင်းကို လုပေရွှမ်းအား မပြောပြချင်တာကြောင့်သာ ဆင်ခြေတစ်ခုအဖြစ် ပြောလိုက်ခြင်းသာဖြစ်လေတယ်... ခေတ္တအကြာတွင် သူမတို့နှစ်ဦး ဧည့်ခံပွဲရှိရာ ဟိုတယ်ဆီသို့ ရောက်သွားခဲ့ချေသည်...

တံခါးစောင့်က ကားတံခါးကို ဆွဲဖွင့်လိုက်ပြီးနောက် လုပေရွှမ်းသည် ကားထဲမှအရင်ဆုံးဆင်းလာကာ ရီကျန်း ကားထဲမှဆင်းရန် လက်တစ်ဖက်ဆန့်ထုတ်လိုက်လေ၏... ထို့နာက်တွင် ရီကျန်းလည်း ကားထဲမှဆင်းလာခဲ့ကာ လုပေရွှမ်းရဲ့လက်တစ်ဖက်ကို ချိတ်ထားရင်း ဧည့်ခံပွဲထဲသို့ ဝင်လာခဲ့တော့သည်...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now