Chapter 217 to 218 U

Start from the beginning
                                    

ရီကျန်းသည် လုပေရွှမ်းပြောသောစကားတို့ကို ကြားသော်လည်း အရမ်းအိပ်ငိုက်နေတာကြောင့် ခပ်တိုးတိုးသာ ပြန်မေးလိုက်သည်... " ဘယ်တော့လဲ? "

" လာမယ့်ဗုဒ္ဓဟူးနေ့... "

" ကောင်းပြီလေ... " ရီကျန်းသည် သူမရဲ့မစ္စလုတာဝန်ကို ကောင်းကောင်းသိပေတယ်... "  စိတ်မပူပါနဲ့... ရှင်အရှက်ရစေမယ့်ကိစ္စမျိုး မဖြစ်စေရဘူး... "

ဇနီးဖြစ်သူရဲ့စကားကြောင့် လုပေရွှမ်းဟာ တစ်ချက်ပြုံးလိုက်မိလေသည်... သို့သော် ထိုစဥ်တွင် လုပေရွှမ်းမျက်နှာပေါ်သို့ အရိပ်ကျနေတာကြောင့် အနှီအမျိုးသားရဲ့အပြုံးကို သဲကွဲစွာ မတွေ့နိုင်ချေ...
~~~~~~~~~~~~~~~~~~~~
မိသားစုပဲဖြစ်ဖြစ် အသက်မွေးဝမ်းကျောင်းဖြစ်ဖြစ် အရာအားလုံးဟာ ဝတ္ထုဇာတ်ကြောင်းကဲ့သို့မဟုတ်ဘဲ သွေဖယ်လာခဲ့သည်ကိုတော့ ငြင်းဆန်၍ မရပေ...ဝတ္ထုထဲရှိ ဇာတ်ကွက်အားလုံးနီးပါးမှာလည်း ပြောင်းလဲသွားပုံရ၏... လက်ရှိကာလအတွင်း ရီကျန်းသည် ကျိုးကျိုးလေးကို ထိန်းလိုက်၊ ရုပ်ရှင်ကိစ္စ ပြေးလုပ်လိုက်ဖြင့် အတော်လေး အလုပ်ရှုပ်လို့ နေချေသည်... ထို့ကြောင့် သူမသည် အခြားသူများရဲ့ အရေးကိစ္စများကို ဂရုစိုက်ရန် အချိန်မရှိချေ...

ဤသို့ဖြင့် လုပေရွှမ်းပြောသောဗုဒ္ဓဟူးနေ့ရောက်လာခဲ့ပြီး ဧည့်ခံပွဲအတွက် ပွဲကျင်းပသည့်အိမ်ရှင်က မည်သူဖြစ်သည်ကို ရီကျန်းတစ်ယောက် သိလိုက်ချိန်တွင်တော့ အတော်လေး အံ့သြသွားခဲ့ရလေတယ်...

လုပေရွှမ်းပြောခဲ့သောဧည့်ခံပွဲသည် အမှန်တကယ်တော့မွေးနေ့ဧည့်ခံပွဲပင်... ဟိုင်းဘင် မြို့တော်ဝန်ရဲ့ဇနီးဖြစ်သူမွေးနေ့ပွဲဖြစ်ပေ၏... ဧည့်သည်များသည် အခုလိုဖိတ်ကြားခံရခြင်းကို ဂုဏ်ယူနေကြပြီး ဖက်ရှင်ကျနစွာဝတ်စားကြသေးသည်... ဤဧည့်ခံပွဲတွင်းရှိသူများထဲမှာ တချို့ဆိုလျှင် ပြောင်ပြောင်လက်လက် တောက်တောက်ပပ ဝတ်စားထားကြသေးလေတယ်...

ဝတ္ထုထဲတွင် လက်ရှိဧည့်ခန်းပွဲသည် ရီချင်းတစ်ယောက် တောက်ပလာနိုင်မည့်အခွင့်အရေးရခဲ့သောပွဲပင်...

ဝတ္ထုဇာတ်ကြောင်းအရ မြို့တော်ဝန်ရဲ့ဇနီးဖြစ်သူဟာ ရီချင်းရဲ့အပြောအဆိုနှင့် အပြုအမူတို့ကို အလွန်ကျေနပ်သွားခဲ့ကာ ရီချင်းအား စကားပြောပြေပြစ်ပြီးပညာတတ်​ကျွမ်းကြောင်း​ အလွန်ချီးကျူးခဲ့လေတယ်... ဤသို့ဖြင့် လင်းကျန်နဲ့ရီချင်းတို့ဟာ ဟိုင်းဘင်မြို့တွင် အဆင့်တစ်ခုတက်လှမ်းနိုင်ခဲ့ခြင်းဖြစ်လေ၏...ရီချင်းနှင့် မြို့တော်ဝန်ရဲ့ဇနီးတို့ကြားမှ ခင်မင်ရင်းနှီးမှုကြောင့် မြို့တော်ဝန်ဟာ လင်းကျန်အပေါ် ကောင်းမွန်သောအရိပ်အယောင်ရှိခဲ့ချေသည်...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now