Chapter 215 to 216 U

Start from the beginning
                                    

ရီကျန်းရဲ့စကားသံကျယ်ကျယ်တို့ကြောင့် အမေလုသည် အပေါ်ထပ်မှ အသည်းအသန် ပြေးဆင်းလာခဲ့ကာ " မေမေလို့ ပြောပြီဟုတ်လား?! ကျိုးကျိုးလေး... ဖွားဖွားလို့ ခေါ်ကြည့်ပါအုံး... "

" မေ..မေ.. "

" ကြားလိုက်လား အမေ... ကျိုးကျိုးက မေမေလို့ ခေါ်တတ်နေပြီ... "

" ဟုတ်ပါ့... ကျိုးကျိုးက သူ့အဖေ ပေရွှမ်းထက်ပိုပြီးတောင် ဥာဏ်ကောင်းအုံးမှာ... ပေရွှမ်း တစ်နှစ်သားတုန်းက မေမေလို့ မခေါ်သေးဘူးလေ...အခုကျိုးကျိုးလေးက တစ်နှစ်တောင် မပြည့်သေးဘဲ မေမေလို့ ခေါ်တတ်နေပြီကွယ်... ကြီးလာရင် သူ့အဖေထက်တောင် ပိုတော်အုံးမှာ... ဟုတ်တယ်မလား...အဖွားရဲ့ကျိုးကျိုးလေး... " အမေလုက ပျော်ရွှင်စွာဖြင့် ထိုစကားတို့ကို ဆိုလိုက်လေတယ်...

အမေလုက လုပေရွှမ်းအကြောင်းပြောလာချိန်၌ ရီကျန်းသည် ယခုကိစ္စကို လုပေရွှမ်းအား ချက်ချင်းပြောပြလိုက်ချင်မိလေသည်... ဤသို့ဖြင့် ရီကျန်းသည် လုပေရွှမ်းဆီသို့ ဖုန်းခေါ်လိုက်တော့၏...
~~~~~~~~~~~~~~~~~
တစ်ဖက်တွင် လုကော်ပိုရေးရှင်း၏ အစည်းအဝေးခန်းထဲ၌~~~

လုပေရွှမ်းသည် လပတ်စာရင်းအစီရင်ခံစာကို နားထောင်ရင်း စိတ်မရှည်ဖြစ်နေလေသည်... အစည်းအဝေးခန်းထဲမှလေထုတွင် ဒေါသမုန်တိုင်းစတော့မည်အရိပ်အရောင်ပြလို့နေ၏... အခန်းထဲ၌ စာရင်းအစီရင်ခံစာကို ရှင်းပြနေသောဝန်ထမ်းအသံမှလွဲ၍ တခြားဘာသံမျှမကြားရသည်အထိ တိတ်ဆိတ်မှုတို့ ဖုံးလွှမ်းလို့နေလေတယ်...

ထိုစဥ် လုပေရွှမ်းရဲ့ဖုန်းဆီမှ တုန်ခါမှုတစ်ခုပေါ်လာတာကြောင့် အနှီအမျိုးသားဟာ ဖုန်းကို အမြန်ဆွဲထုတ်ကာ ဖုန်းခေါ်လာသူရဲ့အမည်အား ကြည့်လိုက်လေ၏...

ဖုန်းခေါ်သူမှာ ရီကျန်းဖြစ်နေသည်ကြောင့် လုပေရွှမ်းဟာ ချက်ချင်းဖုန်းကိုင်လိုက်တော့သည်... ထိုအခါ အစီရင်ခံစာအား ရှင်းလင်းနေသောဝန်ထမ်းသည်လည်း ရပ်တံ့သွားခဲ့ပြီး အစည်းအဝေးခန်းထဲမှလူအားလုံးက လုပေရွှမ်းဘက်သို့ လှည့်ကြည့်လာတော့တယ်...

လုပေရွှမ်းတစ်ယောက် ဖုန်းကိုင်ချင်းတွင်ပင် တစ်ဖက်မှ " ကျိုးကျိုးက မေမေလို့ ခေါ်နေပြီး နားထောင်ကြည့်ကြည့်...!! " ဖုန်းထဲမှ ရီကျန်းရဲ့အသံဟာ တိတ်ဆိတ်နေသောအစည်းအဝေးခန်းထဲ၌ ရှင်းလင်းသွားကြားနိုင်လောက်သည်အထိ ထွက်ပေါ်သွားတော့သည်...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now