"အင်းပါ...ကိုယ်စိတ်မပူပါဘူး...။
အချစ်ကမကြာခင်ပြန်ကောင်းလာမှာမို့
ကိုယ်ကစိတ်မပူဘူးနော်...ဟုတ်ပြီလား..."

သူ့စကားဆုံးတော့..အောက်ဆီဂျင်မက်စ်
အောက်ကအပြုံးရေးရေးလေးကို
မြင်လိုက်ရသည်....။
အမြဲတက်ကြွနေတတ်တဲ့အချစ်ရဲ့အပြုံး
လေးတွေအသက်ဝင်မနေတော့
သူ့မှာ ဘယ်လိုမှ..စိတ်မချမ်းသာဘူး..။
ဒါပေမယ့်လဲ အချစ်မရိပ်မိရအောင်လို့
သူပြုံးပြဖြစ်လိုက်သည်....။
အရင်အချိန်တွေလိုတော့ သူ့အပြုံးတွေက
တောက်ပနေမှာမဟုတ်တာ
အသေအချာပါလေ....။

အချိန်တွေကတရွေ့ရွေ့နဲ့ကုန်လာပြီးပြီ..။
ဆရာဝန်တွေကလဲ အလှူရှင်ကို
ကြိုးစားပြီးရှာပေးနေပေမယ့်...ဘာမှ
အကြောင်းကြားမလာသေးတော့..
မတွေ့သေးဘူးထင်ပါသည်...။
သူကိုယ်တိုင်ထွက်ပြီးစုံစမ်းလိုက်ချင်ပေမယ့်
လဲ..အချစ်ကိုတစ်ယောက်တည်းထားခဲ့ဖို့
ကသတ္တိမရှိပြန်ဘူး....။
သူမရှိတဲ့အချိန်မှာမှ အချစ်တစ်ခုခုဖြစ်
သွားရင်ဆိုတဲ့အတွေးက သူ့ကိုဒီနေရာက
နေတစ်ဖဝါးမှမခွာနိုင်အောင် ဆွဲထား
တာမို့လို့...။

"ဟွန်း..~~~"

နာရီပိုင်းကြာပြီးမှ သူ့ကောင်လေးဆီက
စကားသံထပ်ထွက်လာသည်...။

"အင်း...ပြောလေ..အချစ်.."

"ဟွန်း~~~"

"အင်း..အင်း...ကိုယ့်ကိုပြောနော...။
ကိုယ်ဘာလုပ်ပေးရမလဲ..."

"ဟွန်း~~~~"

ဘာမှမပြောဘဲ သူ့ကိုပဲခေါ်နေဆဲ
အချစ်ကြောင့် သူစိုးရိမ်လာသည်...။
သူဆုပ်ကိုင်ထားတဲ့လက်ကလေးတွေက
ပို ပြီးအေးစက်လာသယောင်...။

"ဟွန်း~~~"

"အင်း...ပြောလေ...အချစ်...။
ကိုယ်ဘာလုပ်ပေးရမှာလဲ..ဟင်.."

ဖြူဖျော့ပြီးနွမ်းနယ်နေတဲ့မျက်နှာလေး
ကိုမလွတ်တမ်းကြည့်ကာသူမေးလိုက်
သည်....။
မှေးမှိတ်နေတဲ့မျက်ဝန်းလေးတွေက
အသာအယာလေးပွင့်လာကာ...သူ့ကိုမြင်
တော့...အပြုံးမ မည်တဲ့အပြုံးဖျော့တော့တော့
လေးကိုပြုံးပြသည်....။

မင်း!...[COMPLETED]Where stories live. Discover now