"အ!"
ရုတ်တရက်တအားစူးအောင့်လာကာ...
အသက်ရှူရတာတောင်ခက်ခဲလာသည်...။"အချစ်.."
ထိုအခိုက်မှာပဲ ဟွန်းကအပြင်ထွက်လာ
တော့ ပုံပျက်နေတဲ့သူ့ရဲ့မျက်နှာကို
အမြန်ပြင်လိုက်သည်...။"အပြင်မှာနေတာကြာနေပြီလေ...
အိမ်ထဲဝင်တော့ အချစ်..။
လေစိမ်းတွေတိုက်လာပြီ..""အင်း..."
"ဒါနဲ့..အချစ်..တကယ်ပဲသက်သာရဲ့လား။
မျက်နှာကဖြူရော်နေတယ်..""အင်း..အချစ်သက်သာပါတယ်..။
မနေ့ကအရှိန်နဲ့ကြောင့်မို့..."သူ့ရဲ့တုန်ယင်ချင်နေတဲ့အသံကိုမနည်း
ထိန်းပြောကာ ပြုံးပြလိုက်တော့မှ
စိတ်ပူနေရာကနေ ဟွန်းကစိတ်သက်သာ
ရာရသွားသလိုပြုံးသည်...။
ပြီးနောက် သူ့ရဲ့ခေါင်းကိုပွတ်သပ်ပေး
ကာ....."ဟုတ်ပါပြီ...အခုတော့ကိုယ်တို့အိမ်ထဲ
ဝင်ကြရအောင်..""အင်း..."
အိမ်ထဲရောက်တော့ အသက်ရှူရတာက
တဖြေးဖြေးပိုခက်လာတာမို့အနားက
ဆိုဖာပေါ်ကိုထိုင်ချလိုက်သည်....။
မရေတာ့ဘူး...။
တအားကိုထိုးအောင့်နေပြီးနေရခက်နေပြီ..။"ဟွန်း.."
"အင်း..အချစ်..ဟင်!!..အချစ်
ဘာဖြစ်လို့လဲ..."သူ့ခေါ်သံကြောင့်လှည့်လာတဲ့ဟွန်းက
ဆိုဖာပေါ်မှာပုံပျက်စွာထိုင်နေတဲ့သူ့ကို
မြင်တော့အလန့်တကြားနဲ့အနားကို
ရောက်လာသည်...။"အချစ်!..ဘာဖြစ်လို့လဲ..."
စိုးရိမ်တကြီးမေးနေတဲ့ဟွန်းကိုသူပြန်မဖြေ
နိုင်သေးဘူး....။
အသက်ရှူရတာခက်ခဲနေတာမို့...
လေကိုသာ အတင်းကြီးလိုက်ပြီးရှူနေရ
သည်...။"အချစ်...ဘာဖြစ်လို့လဲ..ကိုယ်မေးနေ
တယ်!""အခန်း....အခန်းထဲက.."
![](https://img.wattpad.com/cover/247690443-288-k242697.jpg)
YOU ARE READING
မင်း!...[COMPLETED]
Fanfictionသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...