​ပြောပုံက.. ဆာရန်းကိုမင်ယွန်ဂီရဲ့သမီးပါလို့တစ်စုံတစ်​ယောက်ကများ​ပြောလာခဲ့ရင်ယုံမှားသံသယဖြစ်မိမယ်​တောင်မထင်။

"မြန်မြန်​နေ​ကောင်း​စေချင်ရင်..ဆာရန်းကကု​ပေး​ပေါ့"

"ဘယ်လိုကု​ပေးရမှာလဲ"

သူကပါးတစ်ဖက်ကို​ဖောင်း၍ပါးကိုလက်ညှိုးဖြင့်ထိုးပြလိုက်သည်။ ဆာရန်း​လေးကသူဘာဆိုလိုချင်လဲဆိုတာနားလည်သွားပုံဖြင့် သွားကျိုး​လေး​တွေ​ပေါ်​သည်အထိရယ်ရင်းသူ့လည်ပင်းကိုသိုင်းဖက်ကာပါးကိုရွှတ်ခနဲမြည်​အောင်နမ်းသည်။ ရင်ထဲတွင်သိမ့်ခနဲကြည်နူးသွားမိ၏။တစ်ဆက်တည်းမှာပဲအ​ဖေ​တွေဘာ​ကြောင့်သမီးမိန်းက​လေး​တွေကိုအချစ်ပိုရသလဲ.. နားလည်သွားသလိုပင်။

"ဒီနှစ်​ယောက်က..ဘယ်တုန်းကဒီ​လောက်​တောင်ရင်းနှီးသွားတာလဲ။ အခုလိုကျ​တော့လည်း Appaတောင်​ဘေး​ရောက်သွားသလိုပဲ။ နှစ်​ယောက်တည်း​နေခဲ့မလား.. Appa ပြန်လိုက်ရ​တော့မလား"

ဂျစ်တိုက်ချင်​နေသည့်က​လေးဆိုး​လေးလို​.. ခြေ​ထောက်​လေး​တစ်ဖက်ကိုဆောင့်ပြီးစူပုပ်ပုပ်ပြောလာတဲ့hyung ကိုကြည့်ပြီးဆာရန်းက​တခစ်ခစ်ရယ်သည်။

"Appa.. Appa ကဘယ်​တော့မှလူကြီးဖြစ်မှာလဲ"

က​လေး​ပြောလည်း​ပြောချင်စရာ.. hyung ကမိဘ​တွေမရှိဘဲ​လောကဓံကိုကြံ့ကြံ့ခံရင်းကြီးပြင်းလာခဲ့ရလို့လားမသိ.. ​နွေး​ထွေးတဲ့အသိုင်းအဝိုင်းရဲ့ဂရုစိုက်မှုကိုမက်​မောတတ်သည်။ အဲ့ဒါ​ကြောင့်.. hyung က hyung ချစ်ရတဲ့သူ​တွေ​ရှေ့​ရောက်ရင်ငယ်ရွယ်နုနယ်တဲ့က​လေး​လေးလိုချွဲတတ်သည်.. ဆိုးနွဲ့တတ်သည်။ အခုလည်းကြည့်​လေ.. ဆာရန်းကို​တောင်ပြန်ချွဲ​နေတာ။သူက​တော့.. သူ့ရဲ့ hyung ကိုက​လေး​လေးတစ်​ယောက်လိုလည်းချစ်နိုင်တယ်.. ချစ်သူရည်းစားလိုလည်းချစ်နိုင်တယ်.. လင်​ယောက်ျားလိုလည်းချစ်နိုင်..

"ဦး​လေး!!"

"အမ​လေး"

ရုတ်တရက်နား,နားကပ်ပြီးစူးစူးဝါးဝါးအ​အော်ခံလိုက်ရလို့လူကလန့်ပြီးတွန့်ခနဲဖြစ်သွားသည်။

"အဲ့မှာ.. သွားကြီးဖြဲပြီးဘာလုပ်​နေတာလဲ"

"ဘာမှမဟုတ်.. အမ်! ဆာရန်း Appa ​ရော"

Can We Become Strangers? (✔️)Nơi câu chuyện tồn tại. Hãy khám phá bây giờ