အပိုင်း ၁၁

89 18 11
                                    

စားပွဲပေါ်ရှိ အာလူးချောင်းကြော်ပန်းကန်က လျော့မသွားသလို အမြှုပ်သေနေပြီဖြစ်သည့် ကိုလာခွက်သည်လည်း ထိုနည်း၎င်းသာ။ စားစရာရှိတာလည်း မစား၊ ပြောစရာရှိတာလည်း မပြောဘဲ ရုပ်တုတွေလို မှင်တေတေ ငုတ်တုတ်ထိုင်နေကြသော ခေါင်းသုံးလုံးကို ယမင်းကျော် နားရင်းအုပ်ပစ်ချင်စိတ်ပင်ပေါက်လာသည်။

ထိုစိတ်ကို လျှော့ချကာ တိတ်သည်ထက် တိတ်နေသော ေလထုကို ဖြိုခွင်းဖို့ စားပွဲခုံကို လက်ဖြင့်အသာခေါက်ရင်း ယမင်းကျော် စကားအစပျိုးလိုက်သည်။

"ရှင်တို့ရယ်.. အပြင်လည်းရောက်နေပြီပဲ၊ ပူပန်စရာတွေ ခဏလောက် ထားရစ်ခဲ့ကြပါတော့၊ ငါတို့ မတွေ့တာ ဘယ်လောက်မှ မကြာသေးတာကို လေစိမ်းတွေ မတိုက်ဘဲ နေရအောင် "

နဂို စွာလန်ကျဲလေး နှင်းသက်ဝတီပင် စကားမပြန်ဘဲ တိတ်ဆိတ်နေပြီး ပန်းကန်ထဲမှ အာလူးချောင်းကြော်တစ်ချောင်းကိုသာ စားမြှုပ်ပြန်မတတ် တမြေ့မြေ့​ ကောက်ဝါး​နေသည်။ လင်းကြယ်စင်ဟာလည်း ကိုလာခွက်ကို ပိုက်နဲ့ ထိုးမွှေရင်း ထိုခွက်ထဲက ဘာများထွက်လာဖို့ မျှော်လင့်နေတယ်မသိ။

ဒီတော့ မြူနှင်းမိုးသာ စကားမရှိစကားရှာပြီး ဖာထေးရသည်။

"ယမင်း... နင်က လေကြောင်းတက်မှာဆို"

"အေး အဲ့လိုတော့ စဥ်းစားထားတာပဲ၊ လေယာဥ်မယ်ဖြစ်ချင်တာ အရင်ကတည်းက ငါ့အိမ်မက်ပဲဆိုတော့၊ ဒီလိုင်းပဲ ကောင်းမလားလို့ပါ.. မြူရယ်၊ ဟဲ့ ဝတီမ ရှင်ကလည်း မှိုင်၊ မှိုင်နိုင်လွန်းတယ်၊ ဘန်ကောက်မှာ ကျောင်းတက်ရမှာကိုများ၊ ငါသာဆို ကပြီးသွားမှာ"

ယမင်း​ကျော်က မြူနှင်းမိုးကို ဖြေရင်း လဒထက်သာအောင် မှိုင်နေသည့် ဝတီကို ကြည့်ပြီး မနေနိုင်ဘဲ ပြောမိတော့သည်။ ထိုင်းနိုင်ငံမှာ ကျောင်းဆက်တက်ဖို့ဆိုတာ လုပ်ချင်တယ်ဆိုတာ လူတိုင်း တတ်နိုင်စွမ်းတဲ့ အရာမဟုတ်၊ သူသာ ကံကောင်းလို့ သူ့အဖေဩဇာနဲ့ သွားရတာဖြစ်သည်။ ဒါကို ဒင်းက ဒီမှာပဲ ကျောင်းဆက်တက်ချင်ပါသည်ဟူ၍ ဒရမ်မာတွေ ခင်းကာ လဒမှိုင် မှိုင်နေ၏။

လင်းကြယ်စင် ခါတိုင်းလို မတက်ကြွတာက အကြောင်းမဟုတ်၊ သူ့အိမ်ပြဿနာအကြောင်း သတင်းတွေက မသိချင်မှအဆုံး၊ ကြားနေရသည်။

တိမ်တွေမှာ ငွေဇာကွပ်ရယ်နှင့်Where stories live. Discover now