"တစ်ခုခုမှား​နေပြီထင်တယ်။ ငါ့ကို​မေးခွန်းမထုတ်ခင်.. မင်းကအရင်ရှင်းသင့်တာမဟုတ်ဘူးလား။ဒီအချိန်ကြီး.. မင်းကဘာလို့ကင်​ဆော့ဂျင်နဲ့အတူတူရှိ​နေတာလဲ။ မင်း​ပြော​တော့.. ပြီးသွားပါပြီဆို"

ရိုဘင့်ရဲ့အ​မေးကိုရုတ်တရက်ဘာပြန်​ဖြေရမှန်းမသိ..ဟိုတုန်းကလိုအနိုင်နဲ့ပိုင်းမယ့်စကားမျိုးကိုဘယ်လို​​ပြောရမလဲ​တောင်မသိ​တော့..

"​ဂျွန်​ဂျောင်ကု..မင်း​တော်​တော်​လောဘကြီးတာပဲ..ငါ့ကိုနှစ်​ပေါက်တစ်​ပေါက်ရိုက်ပြီးအနိုင်ယူခဲ့တယ်​ပေါ့​လေ.. ဟုတ်လား"

ရိုဘင့်အသံကခံပြင်းမှု​တွေ​ကြောင့်တုန်ခါ​​နေသည်။ သူကလည်းရိုဘင့်ရဲ့စွပ်စွဲမှု​ကိုစိတ်ထဲမှကြိတ်၍မ​ထောက်ခံမိ​စေရန်အတင်းကြိုးစား​နေရ၏။ရင်ထဲတွင်တလှပ်လှပ်ဖြစ်လာသည်။ သို့​​သော်စကား​ပြော​သောအခါတွင်​တော့အသံကိုအတတ်နိုင်ဆုံးတည်ငြိမ်​အောင်ကြိုးစား၍..

"ဟွန်း.. အဲ့ဒါငါနဲ့မဆိုင်ဘူး​လေ။ မင်းညံ့လို့ခံရတာပဲ..ခံ​ပေါ့"

"ဘာ!"

"ဘယ်နည်းနဲ့ပဲနိုင်နိုင်.. နိုင်ဖို့ကအ​ရေးကြီးတာပဲမဟုတ်ဘူးလား။ အခုမှလာ​ပြော​နေလို့​ရော.. ဘာပြန်ရမှာလဲ။ မင်းနဲ့ငါ့ရဲ့ကစားပွဲကပြီးသွားပြီ။ ပြီး​တော့.. အဲ့ဒီ့ကစားပွဲမှာ.. ငါမင်းကိုအပြတ်အသတ်နိုင်ပြီးသား"

"​နိုင်တယ်? သေချာလို့လား။ သိပ်လည်းအပိုင်ကြီး​တွေ​ပြောမ​နေနဲ့​နော်။ ဒီဇာတ်လမ်းမှာ plot twist ​တွေဘာ​တွေရှိ​နေနိုင်တယ်။ ဥပမာ..အခုမင်းအနားမှာရှိ​နေတဲ့ကင်​ဆော့ဂျင်ရဲ့ပုံစံကသူ့သရုပ်မှန်မဟုတ်ဘဲ.. တမင်လုပ်ကြံဖန်တီးထားတာမျိုးတို့ဘာတို့​ပေါ့"

"အဲ့ဒါ.. ဘာအဓိပ္ပါယ်လဲ"

သူ့အသံသည်လိုတာထက်ပိုကျယ်​လောင်သွားသည်။ သူ့မျက်နှာသည်လည်း​သွေးဆုတ်သွားသလိုရုတ်ချည်း​ဖွေးခနဲဖြစ်သွားသည်။

"ကင်​ဆော့ဂျင်ကမင်းလို​ကောင်မျိုးရဲ့အနားမှာသည်းခံပြီး​တော့ဘာလို့တွယ်ကပ်​နေတယ်လို့ထင်လဲ။ မဟုတ်မှလွဲ​ရော.. အဲ့ဒါကို.. အချစ်​ကြောင့်လို့ထင်​နေတာ​တော့မဟုတ်ပါဘူး​နော်"

Can We Become Strangers? (✔️)Kde žijí příběhy. Začni objevovat