ကင်ဆောနူးစကားကြောင့် သူနာပြုဆရာမလေးခများ ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်နေရလေသည်။
ဆရာမလေးခမျာ သူ့ဘဝတစ်လျှောက်လုံး ခွဲခန်းဝင်ခါနီး စကားအများဆုံးပြောနိုင်သူကို တွေ့ဖူးခဲ့လေပြီ။

"အဲ့လောက်စကားများနေရင် မသေမှာ ကျိန်းသေတယ်ကင်ဆောနူး"

သူအားပေးစကား တခွန်းသာပြောလိုက်ပေမဲ့
ကင်ဆောနူးဟာ ငြိမ်သက်သွားလေတော့သည်။
စိတ်တည်ငြိမ်မှုရသွားခြင်းကြောက့်တော့မဟုတ် ပတ်ဆောင်ဟွန်းစိတ်ဆိုးနေပြီမှန်းသိ၍ ဆက်မပြောရဲတော့ခြင်းကြောင့်သာဖြစ်လေသည်။

" ဘာမှ စိတ်မပူနဲ့နော်သား
ခဏလောက် အိပ်ရေးဝဝအိပ်လိုက် နိုးလာတာနဲ့သားက ပုံမှန်လူဖြစ်သွားမှာ "

သဘောကောင်းပုံပေါ်သည့် မေ့ဆေးဆရာဝန်ရဲ့စကားအဆုံးမှာ ကင်ဆောနူးဟာ သူ့စိတ်တို့ကို ဖြေလျှော့လိုက်ကာ မျက်ဝန်းတို့ကို ကြိုးစားကာ ပိတ်ထားလိုက်လေသည်။



နှစ်နှစ်ခန့်ကြာပြီးသောအခါ



ဆိတ်ငြိမ်သည့်ရပ်ကွက် တစ်ခုအတွင်းရှိနာမည်ကြီးသည့် ကော်ဖီဆိုင်တစ်ခု။
ဆိုင်တွင်းထဲသို့ဝင်လိုက်သည်နှင့် စိတ်ကူးယဥ်ကမ္ဘာလေးတခုအတွင်းသို့ ရောက်သွားသလိုပင်။
ထို့​အပြင် မိန်းကလေးများအကြားရေပန်းစားလှသည်က ချောမောခန့်ညားလွန်းသည့် ဆိုင်ပိုင်ရှင်လေး ကလည်းအပါအဝင်ဖြစ်လေသည်။
ချစ်စရာကောင်းသည့်အပြုံးတခုနှင့်အတူ ဆိုင်အတွင်းဝင်လာသည့် လူငယ်တစ်ဦး
ကြောင့် ဆိုင်လာနေကြဖြစ်ဟန်တူသည့် မိန်းကလေးတစ်ချို့ဆီက အသံထွက်ပေါ်လာလေသည်။

" ထပ်ပြီးသူပဲလား "

ဆိုင်ရှင်လူငယ်ကတော့ ဝင်လာသူအားကြည့်လိုက်သည့်အချိန်တွင် ချောမောခန့်ညားသည့်မျက်နှာထက်၌ နှစ်လိုဖွယ်အပြုံးတခုက ဖြစ်တည်လာလေသည်။

" Hello ဆယ်ဘုံး "

ထိုလူငယ်ကတော့ ဘာကိုမှဂရုမစိုက်စွာ ဝန်ထမ်းကောင်လေးအားပင် နှုတ်ဆက်လိုက်လေသည်။

ထို့နောက်တွင်တော့ ကော်ဖီဖျော်နေသည့် ဆိုင်ရှင်ကောင်လေးထံသို့ ဦးတည်လိုက်ကာ

He Is My BestieWhere stories live. Discover now