PART 12

742 120 2
                                    

ပတ်ဆောင်ဟွန်းတစ်ယောက်ကြောင့် စိတ်အခြေအနေမကောင်းရတဲ့အထဲ ပတ်ဂျင်ဝူးကြောင့် သေချင်စိတ်ပင်ပေါက်လာရသည်။

"ဟေး ပတ်ဂျင်ဝူး အဲ့ဒီ ငါ့မှန်တင်ခုံပေါ်က ဟာတွေကို သွားမထိစမ်းနဲ့  
လာ  ဒီကိုလာခဲ့
Jellyစားမယ်"

စေတနာမရှိလှပေမဲ့  မတတ်သာတဲ့အဆုံး Jellyနဲ့မြူဆွယ်ရတော့သည်။

" ဟင့်အင်း Jellyစားချင်ဘူး "

" မစားချင်လည်း စား မင်းစားလို့ရတာအဲ့ဒါပဲရှိတယ်"

"ကိုကိုဟွန်းဟွန်းဆို သားစားချင်တာကျွေးတယ်"

"အဲ့ဒါဆိုလည်း မင်းကိုကိုဟွန်းဟွန်းဆီသွားပါလား "
ရုတ်တရက် သူသတိရသွားသည်က  ပတ်ဆောင်ဟွန်းဟာ အခန်းတံခါးအား  သော့ခတ်မသွားပေ။

"ဂျင်ဝူး  လာ ကိုကိုဟွန်းဟွန်းအခန်းကိုသွားမယ်  အဲ့မှာ မင်းဆော့လို့ရတဲ့ဟာ အများကြီးရှိတယ်"

"တကယ်လား "

"တကယ်ပါဆို လာခဲ့"

တကယ်တမ်းတော့ ပတ်ဆောင်ဟွန်းအခန်းမှာ ဆော့စရာက များများစားစားမရှိပါ။

"ကိုကိုနူးနူး သားအဲ့ဒါတွေဆော့ပစ်ရင် ကိုကိုဟွန်းဟွန်းက ဆူမှာလား "

ပတ်ဆောင်ဟွန်းရဲ့ စားပွဲပေါ်က  ပစ္စည်းတွေကိုကြည့်ရင်း မေးလာလေသည်။

"မဆူဘူး ဆော့ "

ပတ်ဂျင်ဝူးကို လွတ်ထားပြီး  ပတ်ဆောင်ဟွန်းအိပ်ရာပေါ်လှဲကာ သူအနားယူရန် ပြင်လိုက်သည်။

"ကိုကို နူးနူး ဒါဘယ်သူလဲ"

ရွှေဝါရောင်ဆံပင်ရှည်တွေနဲ့  ချစ်စရာကောင်းသည့် မိန်းကလေးတစ်ဦး။
ဓာတ်ပုံထဲမှာပင် အပြုံးတွေက တောက်ပလို့

"ဟေး ပတ်ဂျင်ဝူး ပြန်ထားလိုက်အဲ့ဒါ
တခြားကိုသာဆော့စမ်း"

"ကိုကိုနူးနူး သူကဘယ်သူလဲလို့"

"ဟာ ပတ်ဆောင်ဟွန်းနေရာမှာတွေ့တာ ပတ်ဆောင်ဟွန်းကောင်မလေးပေါ့ဟ"

"ကိုကိုနူးနူးမှာရော ကောင်မလေးရှိလား"

"ရှိတာပေါ့"

He Is My BestieWhere stories live. Discover now