PART 23 (END )

1.4K 120 6
                                    

မမျှော်လင့်ထားပဲ ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်တို့​ကြောင့် ခွဲစိတ်မှုလုပ်မည့်အချိန်ကို မဖြစ်မနေနောက်ဆုတ်ရလေတော့သည်။
ထို့ကြောင့်ပင် ပတ်ဆောင်ဟွန်းမှာ ကင်ဆောနူး၏ တနေ့တမျိုးမရိုးရသည့် အကြောင်းပြချက်တို့ကို နားပူသည်အထိ နားထောင်နေလေသည်။

" Hyung ငါ့ကိုခွဲစိတ်တဲ့ဆရာဝန်က အမှားလုပ်မိရင်ဘလိုလုပ်မလဲဟင် "

" အမှားလုပ်မိမှာ စိတ်မပူနဲ့ မင်းကိုခွဲစိတ်ပေးမဲ့ဆရာဝန်က လက်ချိုးရေလို့ရတဲ့ အတော်ဆုံးဆရာဝန်ထဲက လူ "

" အတော်ဆုံးဆိုပေမဲ့ သူလည်းအမှားလုပ်ချင်လုပ်မှာပေါ့ ငါ့ကိုခွဲနေရင်း တန်းလန်း Horror movieတွေကလို ဖိအားများပြီး စိတ်ဖောက်သွားရင် ဘလိုလုပ်မလဲ "

" ဇာတ်ကားတွေကြည့်ပြီး ပေါက်ကရမပြောနဲ့ ကင်ဆောနူး ဒီအတိုင်းလည်းသေမဲ့ဟာကို မဖြစ်နိုင်တာတွေ လျှောက်မပြောနဲ့"

" အင်းလေ ဒီအတိုင်းလည်းသေမှာပဲကို ဘာလို့ခွဲစိတ်အုံးမှာလဲ ဒီအတိုင်းဆိုတောင် တော်အုံးမယ် ဗိုက်ကြီးဟောင်းလောင်းပွင့်ပြီးသာဆို
အမလေး တွေးကြည့်ရုံတင် ငါဗိုက်တွေ
ယားလာပြီ "

"တော်တော် ကင်ဆောနူး ငါထရိုက်မိတော့မယ် နောက်တခါအဲ့လိုထပ်ပြောရင် ငါမင်းကို အဲ့လိုဇာတ်ကားမျိုး ကြည့်ခွင့်ပိတ်မယ် "

ပတ်ဆောင်ဟွန်းရဲ့တချက်လွတ်အမိန့်ကြောင့် ကင်ဆောနူးဟာ ပါးစပ်လေးပိတ်သွားလေသည်။
ပတ်ဆောင်ဟွန်း တခုခုထပ်လုပ်မည်စိုး၍ ခွဲစိတ်မှုလုပ်ဖို့ ပေါ်တင်မငြင်းရဲတော့ပေမဲ့ နေ့တိုင်း ဟိုအကြောင်းပြ ဒီအကြောင်းပြကာ ခွဲစိတ်မှုမလုပ်ချင်ကြောင်း ကင်ဆောနူးဟာ သူ့ဆန္ဒအား ဖော်ပြနေလေသည်။

မိခင်နှစ်ဦးကတော့ ဘာတခုမှဝင်မပြောပဲ ပြုံး၍သာ ကြည့်နေရှာလေသည်။

ခွဲစိတ်မှုပြုလုပ်မည့်နေ့ ခွဲခန်းထဲဝင်မည့်အချိန်အထိ ပတ်ဆောင်ဟွန်းဟာ ကင်ဆောနူး၏ နားပူနားဆာ ပြုလုပ်သည်ကိုခံနေရဆဲဖြစ်သည်။

" Hyung ငါသေရင်လေ ငါ့ဂူပေါ်မှာအနံ့စူးတဲ့ပန်းတွေလာမချခိုင်းနဲ့နော် ငါခေါင်းကိုက်တယ် အုတ်ဂူပုံစံလေးလည်း ငါပြထားတဲ့အတိုင်းလေး လုပ်ပေးနော် အရမ်းကြီးကြီးမလုပ်နဲ့ တစ်ယောက်တည်းဆိုတော့ နေ ရာလွတ်ရင်အထီးကျန်မှာ
မေ့တော့မလို့
ငါသေသွားရင်လေ ငါ့စာကြည့်စားပွဲခုံအောက်အံဆွဲထဲမှာ ဖွက်ထားတဲ့ Jellyတွေရှိတယ်သိလား အဝတ်ဗီရိုထဲမှာရော အဲ့ဒါတွေကို ဘေးအိမ်ကဂျင်ဝူးလေးကို ကျွေးလိုက်နော် ဒိတ်လွန်ပြီးလွှင့်ပစ်ရမှာထက်စာရင်....
မေ့တော့မလို့ onlineကမှာထားတဲ့မုန့်တွေကိုတော့ မင်းပဲရှင်းပြီး စားလိုက်တော့သိလား မောလိုက်တာ သေတော့မယ်ထင်တယ် "

He Is My BestieWhere stories live. Discover now