PART 17

723 105 1
                                    

"အဆင်ပြေမှာ ပါနော် Hyung "

ဆေးရုံထဲ ဝင်ဝင်ချင်း ခပ်တိုးတိုးလေး ဆိုလာသည့် ဆောနူးအား သူအသာအယာပင် ခေါင်းညိတ်ပြလိုက်ကာ

"အွန်း   ဆောနူး သေချာဆုံးဖြတ်ပြီးပြီလား
မင်းမလုပ်ချင်ဘူးဆိုရင်လည်း ငါမင်းကို အပြစ်တင်မှာမဟုတ်ဘူးနော် "

" အာ ငါအဲ့ဒီသဘောမျိုး ပြောတာမဟုတ်ပါဘူး  အခုက ဒီအတိုင်းနဲနဲစိတ်ပူနေလို့ကို မင်းကိုပေးဖို့ကိစ္စက ငါဆုံးဖြတ်ပြီးပြီးသားမို့  ဘလိုဖြစ်ဖြစ်ငါလုပ်မှာ မင်းမလိုချင်ဘူးဆိုရင်တောင် အတင်းပေးမှာ"

သူဖန်တီးခဲ့တဲ့ ပြဇာတ်က တကယ်ကိုပင် အောင်မြင်ခဲ့လေသည်။ သူမျှော်လင့်ထားသလိုပင် ဆောနူးက သူ့အပေါ်ထားတဲ့  သံယောဇဥ်ဟာ သူနှင့် ထပ်တူထပ်မျှပင်။

သူတို့နှစ်ဥိီး ခွဲစိတ်မှုအားတာဝန်ယူမည့် ဆရာဝန်အားလည်း ဆောနူး၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို  ဆောနူးမေမေက ပြောပြပြီးသား ဖြစ်သည့် အတွက် ယခုလို လာရောက် ဆေးစစ်မှု လုပ်ရာတွင်ဘာအခက်အခဲမရှိနိုင်။
ဆေးစစ်ချက် ရလဒ်ထွက်လာလျှင် သူက ဆောနူးမသိအောင်  စာရွက်အား လဲလိုက်ဖို့တခုသာ လုပ်ရန်ရှိပေသည်။

ကျေးဇူးပြုပြီး  သူ့ကျောက်ကပ်တခြမ်း ဆောနူးဆီ ပေးပြီးတဲ့အထိ ဘာပြသနာမှ မဖြစ်ပါစေနဲ့

" Hyung  ဒါဆို ငါ့ဗိုက်မှာ ချုပ်ရိုးရာ နှစ်ခုရှိတော့မှာပေါ့နော်  "

အပြန်လမ်းမှာ ဆိုလာသည့် ဆောနူးစကားကြောင့် သူ စိတ်မကောင်းဖြစ်ရသည်။
ကင်ဆောနူးရဲ့ ခန္ဓာကိုယ်မှာ အရင်တခါကလည်း ဓားဒဏ်ရာကြောင့်  အမာရွတ်ကျန်ခဲ့ဖူးပြီ။ အပေါ်ယံသာမို့ ခွဲစိတ်မှုမလုပ်ခဲ့ရပေမဲ့
ချုပ်တော့ ချုပ်ခဲ့ရသည်လေ။ သူ့မှာထိုဒဏ်ရာကို ကြည့်ပြီး မျက်ရည်ကျခဲ့ဖူးသည်။
ယခုလည်း ထပ်ပြီး ........
သူချစ်ရတဲ့သူရဲ့ ခန္ဓာကိုယ်မှာ  ပွန်းပဲ့ရာလေးတောင်မရှိစေချင်ပေမဲ့လည်း  တခြားရွေးချယ်စရာမှမရှိတာလေ။
ပါးစပ်ကနေ ပလွတ်ဆိုပြီး သွင်းပေးလိုက်လို့ရရင်လည်း တမျိုးပေါ့။

"  စိတ်မကောင်းဖြစ်နေတာလား "

"မဟုတ်ပါဘူး မင်းမှာကတခုပဲ ရှိပြီး ငါ့မှာကနှစ်ခုကြီးတောင် ရှိလို့လေ ဘယ်လောက်တောင်ကောင်းလိုက်လဲ"

He Is My BestieWhere stories live. Discover now