PART 15

749 102 1
                                    

"Hello babe "

"Suprise "

အိမ်တံခါးအား ဖွင့်ဖွင့်ချင်း နှုတ်ဆက်လာသည့် လူနှစ်ဦးအား  ကျောက်ရုပ်လိုပင် သူကြောင်ကြည့်နေမိသည်။

ထိုသူနှစ်ဦးကတော့  သူ့အားနွေးထွေးစွာပွေ့ဖက်လာလေသည်။

"ဖေဖေ မေမေ" စိတ်တွင်းက ရေရွတ်မိလိုက်ပေမဲ့  နှုတ်ကထွက်ပေါ်မလာပဲ လည်ချောင်းဝတွင်က သာဆို့နစ်နေလေသည်။
သူက ဘယ်လောက်တောင် လွမ်းပြီး သတိရနေခဲ့လိုက်သလဲ။
မိဘတွေကို အနှောင့်အယှက်မဖြစ်စေချင်၍ ပြန်လာခဲ့ပါလို့ တခွန်းမှမပြောခဲ့ပေမဲ့
သူ့စိတ်တွေဟာ ဘယ်လောက်တောင် မိသားစုအတူတူနေရဖို့ တောင့်တနေခဲ့လိုက်သလဲ။

"Babe  မငိုရဘူးလေ"
ဖေဖေက သူ့မျက်ရည်တွေကို မြင်သွားကာ
ဟန့်တားလာလေသည်။

" ငိုပါစေ ကိုရယ် သားသားက ပျော်လို့ငိုနေတာပါ ဟုတ်တယ်မလား"
မေမေကမူ သူ့မျက်ရည်များအား နူးနူးညံ့ညံ့သုတ်ပေးရင်း ဆိုလာလေသည်။

" ဘာလို့ မပြောမဆို  ပြန်လာတာလဲဟင် "

သူနှုတ်က ထွက်ပေါ်လာသည့် ပထမဆုံးမေးခွန်းပင်။

"ဘေဘီ ဖေဖေတို့ကို ဒီအတိုင်းကြီးရပ်နေခိုင်းပြီး  မေးခွန်းတွေဖြေခိုင်းမှာလား "

" အဟဲ မေ့သွားလို့
ဖေဖေတို့က ဒီမှာမနေဘူးလား "

"ခဏပဲ ဆိုတော့ Hotelမှာပဲ နေလိုက်တော့တယ် သားရယ် စိတ်မဆိုးဘူးမလား "

" မဆိုးပါဘူး ဘယ်တုန်းက မေမေတို့က သားနဲ့အတူနေချင်လို့လဲ "

သူအလိုမကျစွာ ပြောမိတော့ မေမေက အားရပါးရရယ်နေလေသည်။

"မေမေတို့နဲ့  လိုက်ခဲ့ပါ​ပြောတုန်းက လက်မခံပဲ  ကိုကို့ကို မခွဲနိုင်လို့တစ်ယောက်ထဲ ကျန်နေခဲ့တာ ဘယ်သူလဲရှင်"

သူမေမေ့ပါးစပ်အား အတင်းပင်လိုက်ပိတ်မိလေသည်။

"မေမေတိုးတိုးပြောပါ Hyung ကြားသွားရင်
ဘယ်လို လုပ်မလဲ"

"အဲ့တော့လည်း  မပြန်ခင် စေ့စပ်ပေးသွားလို့ရတာပေါ့ မဟုတ်ဘူးလားကို "

ဖေဖေ့ကို ကြည့်မိတော့ က ခပ်တိုးတိုးရယ်နေလေပြန်သည်။
အာ ဒီလင်မယားဟာ ခက်တော့တာပဲ

He Is My BestieWhere stories live. Discover now