PART 1

2K 174 0
                                    

နာရီကိုကြည့်တော့ မနက်သုံးနာရီ ရှိနေပြီ။
လူအိပ်ချိန်ရောက်လို့ပင်ကျော်နေပြီ။
သို့သော်လည်း သူ့အိမ်က လူတစ်ကောင်ကတော့  ခုထိမအိပ်သေးသည့် အပြင်

ဒေါသက ငယ်ထိပ်ရောက်လာကာ အခန်းတံခါးအား ဝုန်းခနဲဆွဲဖွင့်လိုက်မိသည်။

ဧည့်ခန်းထဲရှိ ပုဂ္ဂိုလ်ကတော့ သူ့အားကျောခိုင်းကာ အဖက်မလုပ်သည့် အပြင်တဟားဟားနှင့်ရယ်နေသေး။

သရဲကား ကြည့်ပြီး ရယ်သည့်သူ ဒီကမ္ဘာတွင်ရှိမည်မထင်။

ဒါ သူ့အားတမင်သက်သက်လုပ်နေခြင်းပင်။

သရဲကားကို  တစ်အိမ်လုံးကြားရအောင်သံကုန် ဖွင့်ထားသည့်အတွက် အိပ်မရသည့် အထဲ   အမြင်ကပ်စရာကောင်းသည့်ရယ်သံ တဟားဟားက အဆစ်ပါသေး။

TVအား အမှတ်တမဲ့ကြည့်လိုက်မိသော သူ့မှာထအော်မိမတတ်။

စောက်ကျိုးနဲ ကို  သွေးသံတရဲရဲနဲ့  ခေါင်းပြတ်ကြီး

လူလူချင်းဆို ဘလောက်လာလာ  ယှဥ်ချရဲပေမယ့် သရဲကတော့  မရပါ။

ဒါကြောင့်ပဲ  ထိုပုဂ္ဂိုလ်က သူ့အားနည်းချက်ကို အခွင့်ကောင်းယူယူနေတာလေ။

တွေ့ကြသေးတာပေါ့

"Kim Sunoo"

အမယ် မကြားချင်ယောင်ဆောင်နေသည်ပဲ

သူရီမုတ်ကို ဆွဲယူလိုက်တော့ မကျေနပ်သလိုကြည့်လာကာ

"ဘာလုပ်တာလဲ ငါကြည့်နေတာမမြင်ဘူးလား  အိပ်စရာမရှိပဲဘာလုပ်တာလဲ"

" ဒီအသံတွေနဲ့ ငါကဘလိုအိပ်ရမှာလဲ
နာရီကိုကြည့်အုံး ဘယ်နှနာရီရှိပြီလဲ
ဒီအချိန်မှာ ဘယ်သူက တအိမ်လုံးကြားရတဲ့အထိ သရဲကားကိုကြည့်နေလို့လဲ ဟမ်
ပြီးတော့ ဘယ်သူကများ သရဲကားကြည့်ပြီးရယ်တတ်လဲ "

"ဘယ်သူမှ မလုပ်ဖူးလေ
ငါပဲလုပ်တာ
ငါလုပ်ချင်လို့ ငါလုပ်တာ
ဘာလဲ မကျေနပ်ဘူးလား
မကျေနပ်ရင် အပြင်မှာသွားအိပ်"

သူကလည်း မှားသေး တခွန်းမှမခံပဲ ကတ်ကတ်လန်ပြန်ရန်တွေ့သေးသည်။

ဒီကောင်

________

ကင်ဆောနူး    တစ်ယောက်  သူ့ဘေးက လူအား  ဥပက္ခာ ပြုကာ ခပ်တည်တည်ပင် ကြည့်လက်စ သရဲကားအား ဆက်ကြည့်နေလိုက်သည်။ စိတ်ထဲတွင်တော့ ဝမ်းသာပီတိ ဂွမ်းဆီထိချက်။  ဒီကောင် ကို ကလဲ့စားချေရတာ တော်တော်ပျော်စရာကောင်းတာပဲ။

He Is My BestieWhere stories live. Discover now