PART 13

739 112 0
                                    

သိစိတ်က လျစ်လျူ ရှုဖို့ကြိုးစားနေပေမဲ့  မသိစိတ်ကတော့  ကင်ဆောနူးအားအလိုလိုပင်ရှာဖွေနေမိလေသည်။

ဒီနေ့ ကျောင်းမလာဘူးထင်သည်။
ထပ်ပြီးနေမကောင်းပြန်ဘူးလား။
လွန်ခဲ့သော နှစ်ရက်က ဆုံဖြစ်ကြပေမဲ့ နှစ်ယောက်လုံး  ဘာစကားမှမပြောဖြစ်ကြ။
ဂျင်ဝူးက ကင်ဆောနူးအကြောင်း ပြောလာပေမဲ့ ကင်ဆောနူးကတော့ သူ့အား ဘာကိုမှမသိစေချင်ပုံ။
ကြည့်ရတာ ကင်ဆောနူးဟာ သူမရှိလည်း အဆင်ပြေနေကြောင်း သိစေချင်ပုံပငိ။
သူကသာ မနေနိုင်မထိုင်နိုင် ကင်ဆောနူးမေမေကို  သတိရ၍  ဖုန်းဆက်ချင်ယောင်ဆောင်ပြီး အဆင်ပြေနေမနေ မေးနေခဲ့ရတာ။
နေ့တိုင်း ကင်ဆောနူးကျောင်းလာ မလာကိုလည်း  တိတ်တိတ်လေး ရှာမိနေခဲ့တာ။
ကင်ဆောနူးဆိုတဲ့ကောင်ကတော့ တစက်လေးမှ သိမှာမဟုတ် ။
အခုလည်း သူ့မှာမနေနိုင်မထိုင်နိုင် စိတ်ပူနေရလေသည်။

"တူ တူ"
စာသင်ချိန်ဝင်လာသည့် ဖုန်းကြောင့် သူစိတ်ပျက်သွားရသည်။
ဒီလိုအချိန် ဘယ်သူက  ဖုန်းခေါ်ရပါလိမ့်
ဖုန်းကို ထုတ်ကာကြည့်မိလေတော့
ကင်ဆောနူး၏ ဖုန်းဖြစ်နေလေသည်

ဘာများ ဖြစ်ရသလဲ  
ကင်ဆောနူးနဲ့သူ ဖုန်းနဲ့ပင် အဆက်အသွယ်မရှိလေတာ တစ်လကျော်ပြီဖြစ်သည်။

"Hello "

"××××××××××"

" ဟုတ်ကဲ့ သူ့အုပ်ထိန်းသူလို့ပြောလို့ရပါတယ်"

"××××××××××××"

" ဆေးရုံ  ဟုတ်  ဟုတ်ကဲ့ အခုပဲလာခဲ့ပါ့မယ်"

သူ ဆရာ့အား အလျင်အမြန်ခွင့်တိုင်ကာ အခန်းထဲက အပြေးတပိုင်း ပြေးထွက်ခဲ့မိတော့သည်။

စာသင်နေသော ဆရာသာမက တခန်းလုံးရှိကျောင်းသားအားလုံးကတော့  မတုန်မလှုပ်ပတ်ဆောင်ဟွန်း၏    စိုးရိမ်ခြောက်ချားနေသည့် ယခုလို ပုံစံအား  ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရတော့သည်။

ကားကို သတိထား၍  ကြိုးစားမောင်းနေရလေသည်။  သူ့စိတ်အလျင်အတိုင်းသာ မောင်းရပါလျှင်    လူနာဆီသွားမည့် သူကိုယ်တိုင်သည်လည်း လူနာဖြစ်သွားနိုင်လောက်သည်။

He Is My BestieDove le storie prendono vita. Scoprilo ora