PART 22

703 86 0
                                    

အခန်းတံခါးအား ဖွင့်လာသည့် အန်တီဆီက ဘာစကားမှထွက်မလာခင် သူက ဦးစွာ ကင်ဆောနူးပြောသမျှကို လက်မခံနိုင်ကြောင်း ခေါင်းယမ်းပြလိုက်လေသည်။
အန်တီပြောစရာမလိုအောင် သူဖုန်းထဲတွင်ကြားခဲ့ပြီးဖြစ်လေသည်။
ထို့ကြောင့်  အခန်းတံခါးအား ဆွဲဖွင့်ကာ အခန်းထဲသို့ဝင်လိုက်ချိန်တွင်တော့ သူချစ်ရတဲ့သူလေးဟာ သူ့အားကျောခိုင်းကာ ထိုင်နေလေသည်။

"ဆောနူး "

သူ့အသံကြောင့် ကိုယ်လေးဆတ်ခနဲတုန်သွားလေသည်။သူအခန်းထဲဝင်လာလိမ့်မည်ဟု မျှော်လင့်မထားပုံ။ 
ရုတ်ချည်းပင် နေရာမှ ထကာ  ရေချိုးခန်းထဲဝင်၍ တံခါးကာ စောင့်ပိတ်လိုက်လေသည်။
သူနောက်ကလိုက်ပေမဲ့ ဘယ်လိုမှ မမှီတော့ ။

" ကင်ဆောနူး တံခါးကိုဖွင့် ခုဖွင့်စမ်းလို့
ငါ့ကို မမြင်ချင်ရင် ငါ့မျက်နှာကိုသေချာကြည့်ပြီးပြော ခုလိုရှောင်ပြေးမနေနဲ့ "

တံခါးကို တဒုန်းဒုန်းထုနေမိတာမို့ သူ့လက်တွေဟာ ပဲ့ကုန်ကာ  သွေးတွေပင်ထွက်နေလေသည်။

အဆက်မပြတ် ထုရိုက်နေသည့်အဆုံး တွင်တော့ တံခါးဟာ ခပ်ဟဟပွင့်လာလေသည်။
သူ့ကို မျက်နှာချင်းမဆိုင်ပဲ ခေါင်းကိုငုံ့ထားလေသည့် ကင်ဆောနူး။

ချစ်ရသူ၏ မျက်နှာလေးကို ဆွဲမော့ယူလိုက်လေသည်။ သို့သော်လည်း  ချစ်ရသူကတော့
သူ့အားမမြင်လိုစွာ မျက်ဝန်းတို့အား စုံမှိတ်ထားလိုက်လေသည်။

ဘာကိုမှ ဂရုမစိုက်စွာ ချစ်ရတဲ့သူ၏ မျက်နှာလေးကို နေရာလပ်မကျန်အောင် နမ်းရှိုက်နေမိလေသည်။  ကင်ဆောနူးကတော့  ကျောက်ရုပ်တစ်ရုပ်လို လှုပ်ရှားမှုတစက်မှမရှိ။ မျက်ဝန်းတို့ကလည်း ပွင့်မလာခဲ့။
စကားတခွန်းသာ ထွက်လာလေသည်။

" ပြီးရင် ပြန်တော့ ဘယ်တော့မှ မတွေ့ကြရတော့အောင် "တဲ့

ဘယ်လိုလုပ်ပြီးများ မတွေ့ပဲနေရမလဲ။
ဘယ်လိုလုပ်ပြီးများ  ချစ်ရတဲ့သူမရှိပဲ ပျော်ပျော်ရွှင်ရွှင်နေရအောင် သူက Roseမဟုတ်ပါ။ သူက Romeo သာ ဖြစ်လိုသည်။
ချစ်ရသူမရှိပဲ မနေလိုခဲ့သည့် Romeo။

He Is My BestieWhere stories live. Discover now