PART 16

705 100 2
                                    

သူ့ရင်ခွင်ထဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူအား   ကြင်နာစွာ ကြည့်နေမိလေသည်။

သူ့အခြေအနေကို သိသွားတဲ့အချိန်မှာ
ကင်ဆောနူးဟာ ကြိုးစားပြီး  ရင့်ကျက်ဟန်ဆောင်ကာ သူ့အနားတချိန်လုံးရှိနေပေးခဲ့လေသည်။

သူက  ဂဂျီဂဂျောင် လုပ်သည့်အခါမျိုးဆိုလျှင်
သူ့အပေါ်ကောင်းပေးချင်သည့် ရင့်ကျက်လိုသည့် စိတ်က တဖက် မကျေမနပ်ဖြစ်လာသည့် ကလေးစိတ်တို့က တဖက် လွန်ဆွဲနေသည့် ကင်ဆောနူးရဲ့ပုံစံဟာ အသည်းယားစရာပင်။
သူ တကယ်ပင် အော်ရယ်လိုက်ချင်ပေမဲ့ လက်တွေ့တွင်တော့ မလုပ်ရဲခဲ့ပါ။
ကင်ဆောနူး ရိပ်မိသွား၍ လုံးဝမဖြစ်ပေ။

ယခုလည်း သူအိပ်နေစဥ် တခုခုဖြစ်သွားမည်ကို စိုးရှာ၍  သူ့အခန်းထဲ အတူလာအိပ်ပေးရှာလေသည်။
ကိုယ့်အတွက်ကိုယ်  မစိုးရိမ်ပဲ  သူ့အတွက်စိုးရိမ်နေတဲ့ ကင်ဆောနူးကို ကြည့်ရင်း သူပျော်ရွှင်မှုတဖက် ၊ ဝမ်းနည်းမှုတဖက်။
ချစ်သူတွေ မဟုတ်ကြပေမဲ့  သူတို့ကြားက ချစ်ခြင်းတရားနဲ့ သံယောဇဥ်ဟာ နက်ရှိုင်းလှပါသည်။

ပါးဖောင်းဖောင်းလေးကို အသည်းယားစွာ ကိုက်လိုက်ချင်ပေမဲ့  နိုးသွားမည်စိုး၍ ယုယုယယပင် ဖွဖွလေးနမ်းလိုက်မိလေသည်။

သူနမ်းလိုက်တိုင်း ပါးလေးတွေ နားရွက်လေးတွေ နီလာတတ်တဲ့ ကင်ဆောနူးဟာ ချစ်စရာအတိ။
ယခုလည်း အိပ်ပျော်နေတာမို့  သူနမ်းတာကို မသိနေပေမဲ့ ပါးလေးတွေ နားရွက်ဖျားလေလေးတွေကတော့ အလိုလိုပင် နီရဲလာလေပြီ။
ဒီကောင်လေးကို မချစ်ပဲ ဘယ်လိုနေနိုင်မှာလဲလေ။

တချိန်က သူ့စကားတွေအတွက်နောင်တရမိလေသည်။ သူက ဘာရယ်မဟုတ် ပြောခဲ့ပေမဲ့ အမှတ်အသားကြီးသည့် ကင်ဆောနူးကတော့ စွဲမြဲစွာ မှတ်ထားခဲ့လေသည်။
အလယ်တန်းကျောင်းသားဘဝ သူနှင့်ဆောနူး အတူကြည့်ခဲ့သည့် ရုပ်ရှင်ထဲက ဇာတ်ဆောင်မင်းသမီးဟာ  သနားစရာကောင်းသည့်  ရောဂါသည် မိန်းကလေးတစ်ဦးဖြစ်သည်။
နောက်ဆုံးဇာတ်သိမ်းတွင်တော့ ဇာတ်ဆောင်မင်းသမီးက သေဆုံးသွားလေသည်။
ကျန်ရစ်သည့် ဇာတ်ဆောင်မင်းသားသည်လည်း   ဘဝတလျှောက်လုံး  နာကျင်စွာခံစားသွားရပေသည်။
ထိုစဥ်က  တရှုံ့ရှုံ့ငိုနေသည့် ကင်ဆောနူးအား
စချင်သည်မို့ သူပြောခဲ့သည်က

He Is My BestieWhere stories live. Discover now