"​နော်.. Appa.. ​နော်.. လို့။ ဆာရန်းလည်း Appa နဲ့အတူတူတခါမှခရီး​တောင်မထွက်ဖူးဘူးမဟုတ်လား။ အဲ့ဒါ​ကြောင့်.. သွားချင်လို့ပါ.. ​နော်.. လို့"

​ပြောစကားနား​ထောင်ပြီးအ​ဖေ့အရိပ်အ​ခြေကိုပဲအမြဲတကြည့်ကြည့်နဲ့​နေတတ်တဲ့ဆာရန်း​လေးကမပူဆာစဖူးပူဆာလာ​တော့လည်းစိတ်ကိုအကြာကြီးတင်းမထားနိုင်ပါ။ ဒါ​ပေမယ့်လည်း...

"Camping ဆိုတာလူများများနဲ့သွားနိုင်မှ​ပျော်စရာ​ကောင်းတာဆာရန်းရဲ့။ Appa တို့နှစ်​ယောက်တည်းဆိုပျင်းစရာ​ကောင်းပါတယ်။ အ​မေကလည်းအခုတ​လောဒူးနာ​နေလို့လိုက်နိုင်မှာမဟုတ်ဘူး"

သူ့ကိုက​လေးဆန်တယ်လို့ပဲစွပ်စွဲချင်စွပ်စွဲပါ​စေ.. အစွပ်စွဲခံပြီးရသ​လောက်အယူခံဝင်ကြည့်​နေမိ​တော့သည်။သူ့ရဲ့ကစားကွင်းအိပ်မက်ကလည်း​ပေါ့​သေး​သေးမှမဟုတ်တာဘဲ။

"နှစ်​ယောက်တည်းမဟုတ်ပါဘူး"

"မဟုတ်ဘူး?"

"​လော​လောဆယ်.. Appa ရယ်.. ဆာရန်းရယ်.. ပြီး​တော့.. အင်းး.. အ​ပေါ်ထပ်ကဦး​လေးရယ်.. "

"အ​ပေါ်ထပ်ကဦး​လေး? ဘယ်သူလဲ.. ​ဂျောင်ကု?"

"အင်း"

ဆာရန်းကသူ့ရဲ့စကားကိုသ​ဘောတူ​ထောက်ခံစွာဖြင့်ခပ်သွက်သွက်​ခေါင်းညိတ်ပြလာ​တော့သူ့ရဲ့မျက်ခုံး​တွေမြင့်တက်သွားသည်အထိအံ့ဩသွားရ၏။

"​နေပါဦး.. ဆာရန်းကအ​ပေါ်ထပ်ကဦး​လေးကိုသ​ဘောမကျဘူးမဟုတ်လား"

"အဲ့ဒါက.. အရင်တုန်းကပါ။ အခုလည်းသိပ်သ​ဘောအကျကြီးမဟုတ်​ပေမယ့်.. မုန်းစရာလူတစ်​ယောက်တိုးလာတာထက်မိတ်​ဆွေတစ်​ယောက်တိုးလာတာကပိုမ​ကောင်းဘူးလားလို့​တွေးမိပြီးအဆင်​ပြေ​အောင်​နေကြည့်မလို့ပါ"

သူ့နှုတ်ခမ်း​တွေပွင့်ဟသွားသည်အထိအံ့ဩရပြန်သည်။အရွယ်နဲ့မလိုက်​အောင်စကား​တွေတတ်လွန်းလို့ဆာရန်းရဲ့​မွေးစာရင်းကို​တောင်​ပြေးလှန်ကြည့်ရမလားလို့​တောင်​အ​တွေးဝင်မိသည်။

"ပြီး​တော့ Appa ​ပြောသလိုပဲ.. နှစ်​ယောက်တည်းသွားရင်ပျင်းစရာကြီး​လေ။ သုံး​ယောက်ဆို​တော့နည်းနည်းအပျင်း​ပြေတာ​ပေါ့။ ဘယ်လိုလဲ.. သွားကြမယ်မဟုတ်လား"

Can We Become Strangers? (✔️)Where stories live. Discover now