"ဘယ်လို.....hyung ကဘယ်လိုဖြစ်
ပြီးတော့ခြေထောက်ခေါက်ရတာလဲ..။
ကျွန်တော်မသွားခင်က ခင်ဗျားကိုမပြော
ခဲ့ဘူးလား...hyung ကိုသေချာဂရုစိုက်
ပါဆိုတာကို..။
ခုတော့ ကျွန်တော့်အစ်ကိုကခြေထောက်
ခေါက်နေတယ်တဲ့.."

"အစ်ကို့အမှားပါ...။
အဲဒါကြောင့်ခုနက ဂျွန်မြောင့်ကိုချီထွက်
လာပေးတယ်လေ..."

ဂျွန်မြောင်ကတော့ ဆယ်ဟွန်းကို
ပြူးကြည့်နေမိပြီ...။
အမလေးလေး...ဟွန်းရဲ့အကြောင်း
ပြချက်တွေကရှေ့နောက်ကိုညီနေ
ပါရောလား....။
ငယ်လေးကိုမသိမသာလေးခိုးကြည့်
တော့ ဟွန်း ရဲ့စကားကိုယုံနေသည့်ပုံစံ
မို့သူတိတ်တိတ်လေးသက်ပြင်းခိုးချ
လိုက်သည်....။

တော်ပါသေးရဲ့...။
ငယ်လေး ကဘာမှထပ်မမေးတော့လို့
သာပေါ့....။
ဟူး....အခုသူတို့ပုံစံကအထက်တန်း
ကျောင်းသားလေးတွေရည်းစားခိုးထား
တာကိုမိဘတွေမိမှာကြောက်နေရတဲ့
ပုံစံတွေနဲ့....။

°°°•••°°°•••°°°•••°°°•••

အချစ်ဇာတ်လမ်းတစ်ခုကိုဖွင့်ထားလျက်
သား တီဗွီရှေ့မှာလေးယောက်သားထိုင်
နေကြသည်..။
ဆိုဖာနဲ့တွဲရက် ဖန်စားပွဲလေးထက်မှာ
တော့ ပန်းသီးစိတ်လေးတွေနဲ့ပြည့်နေ
တဲ့ပန်းကန်တစ်ချပ်ကရှိနေသည်...။

ဂျုံအင်ကလွဲပြီးကျန်တဲ့သုံးယောက်လုံး
ကဇာတ်လမ်းကိုစိတ်ဝင်တစားကြည့်လို့
နေကြသည်....။
ဂျုံအင် စိတ်ဝင်စားနေတာကသူ့အစ်ကို
ရဲ့ ဖြူဖွေးဖွေးခြေထောက်ကို...။
သူကဆရာဝန်တော့မဟုတ်ပေမယ့်
ခြေထောက်ခေါက်တယ်ဆိုရင် ယောင်
နေရမှာမလား....။
အဲလောက်ထိမဟုတ်ဘူးဆိုရင်တောင်
နီတော့နီနေရမှာလေ....။
သူ့အစ်ကိုလိုနုနုဖတ်ဖတ်အသားအရေ
ပိုင်ရှင်ဆိုရင်ပိုလို့တောင်သိသာနေ
ရဦးမှာကို....။
ခု...သူတွေ့နေရသလောက်ကတော့
အကောင်းအတိုင်းပါလား...။

"hyung..."

သူခေါ်လိုက်တော့ သူ့အစ်ကိုက
လှည့်ကြည့်လာသည်...။
ဖြူဖြူစင်စင်မျက်ဝန်းတွေနဲ့....။

မင်း!...[COMPLETED]Where stories live. Discover now