ဘယ်လိုပဲ ပြုံးပြုံးရွင်ရွင်ပြောနေပေမဲ့ ကင်ဆောနူး စိတ်ထဲမှာတော့ ဘလောက်တောင်ကြောက်နေမလဲဆိုတာ သူသိပါသည်။ အမာရွတ်တစ်ခုပိုတာဟာ  မုန့်တစ်ခုပိုစားရသလောက်  ပျော်စရာမကောင်းတာ ကလေးကအစ သိလေသည်။

"  မလှတော့မှာ မကြောက်ဘူးလား "

" အဟင်း  အစတုန်းကဆိုရင်တော့ စိုးရိမ်မှာပေါ့ အခုတော့ သိပ်မကြောက်တော့ဘူး ငါ့မှာအမာရွတ်တခုတိုးလာပေမဲ့  ငါ့ဘေးနားကလူတစ်ယောက်ကို ဆွဲထားနိုင်မယ်ဆို ရပြီလေ"

ထိုလူသားကို ချစ်ရခြင်းမှာ ထိုလူသား၏ လှလွန်းသည့် စိတ်ထားလေးကလည်း အပါအဝင်ပေ။
သူတပါးအပေါ်  သံသယမရှိယုံကြည်ပေးတတ်လွန်းသည့် စိတ်ကြောင့် ကင်ဆောနူးအား သူကငတုံးဟု ယခင်ကအမြဲစနောက်လေ့ရှိခဲ့သည်။
ယခုပြန်တွေးကြည့်လေတော့ ကင်ဆောနူးဟာ ငတုံးဖြစ်နေလို့ပဲ သူက ကာကွယ်ပေးလို့ရသည်ကို။
ငါကကာကွယ်ပေးမှာမို့  ငတုံးဘဝလေးနဲ့ပဲနေလို့ နှုတ်ကဖွင့်ပြောလိုက်ချင်ပေမဲ့ မဖြစ်။  လနှင့်ချီပြီး စိတ်ကောက်သွားနိုင်သည်။

" Hyung  ဟိုမှာ ယွန်းဟွာ  "

"အင်း "

"ဆင်းပြီး မနှုတ်ဆက်တော့ဘူးလား "

"လမ်းကြုံလို့နှုတ်ဆက်တာက တမျိုးလေ ခုလို ကားပေါ်က ဆင်းပြီး နှုတ်ဆက်ရတဲ့အထိတော့ မလိုဘူးလားလို့"

" ကိုယ့်ကောင်မလေးပဲကို ဆင်းပြီးနှုတ်ဆက်ဖို့ လိုတာပေါ့  "

" ဘယ်သူကလဲ
ဟေး ယွန်းဟွာက ငါ့ကောင်မလေးမဟုတ်ဘူးနော် "

" အဲ့ဒါဆို ဘာလို့မင်းစာအုပ်ထဲ သူ့ပုံတွေ့ရတာလဲ "

" အာ သူ့ပုံလား ငါပြန်ပေးလိုက်ပြီလေ
ငါ့စာအုပ်ကိုငှားသွားတဲ့နေ့က မှားပြီး ထည့်ထားမိတာတဲ့လေ "

" ယုံကြည်ချင်စရာကြီး "
နှုတ်ခမ်းကိုရွဲ့ကာ ဆိုလာသူကြောင့် သူပြုံးလိုက်မိကာ

"ကင်ဆောနူး မင်းငါ့ကိုသဝန်တိုနေတာလား "

"စဥ်းစားလေ ငါက ငါက သဝန်တိုစရာလား "

" ဟုတ်ပါပြီ ဟုတ်ပါပြီ "

ပြိုင်မငြင်းတော့ပဲ ကားကိုသာ ဂရုတစိုက်မောင်းနေလိုက်သည်။ ဒါပေမဲ့ သူ့မျက်နှာပေါ်က အပြုံးတခုကတော့ ဖျောက်ဖျက်မရ။

He Is My BestieWhere stories live. Discover now