"သိလား..ဆာရန်းကမျက်နှာ​ရော၊စိတ်ဓါတ်​ရောယူ​ဂျောင်းနဲ့တစ်ပုံစံတည်းပဲ။ ကြီးလာရင်အရမ်းလှပြီးအရမ်းထက်မြတ်တဲ့​ကောင်မ​လေးဖြစ်လာမှာ​သေချာတယ်။ဘာလို့အ​စောကြီးထွက်သွားတာလဲ။ ဆာရန်း​လေးလှလှပပကြီးပျင်းလာတာကို​စောင့်ကြည့်ကြီး​ပျော်​ပျော်ရွှင်ရွှင်နဲ့အကြာကြီး​နေသွားသင့်တာ​ပေါ့"

ယူ​ဂျောင်းသာအသက်ရှင်​နေဦးမယ်ဆိုရင်သူရယ်၊ ဆာရန်းရယ်၊ ယူ​ဂျောင်းရယ်.. သုံး​ယောက်သား​​နွေး​ထွေးတဲ့မိသားစုဘဝ​လေးမှာ​အေး​အေးချမ်းချမ်းနဲ့​နေနိုင်မှာ။ ပြီး​တော့.. သူလည်းသူ့စိတ်​တွေကိုတခြားဆီပျံ့လွင့်ခွင့်​ပေးမိမှာမဟုတ်။ယူ​ဂျောင်းရဲ့အုတ်ဂူ​လေးကို​ကျောမှီ၍ထိုင်ချလိုက်ပြီး​မျက်စိတစ်ဆုံးကျယ်​ပြောလှတဲ့ကောင်းကင်ပြင်ကြီးကိုစိတ်လွတ်ကိုယ်လွတ်​ငေး​နေမိသည်။ ပြာလဲ့​နေတဲ့​ကောင်းကင်ကြီးမှာသူ့ရဲ့ခံစားချက်တွေအ​ရောင်ဟပ်​သွားလို့ထင်.. တိမ်​တွေထူထပ်လာပြီးရုတ်ခြည်းအ​မှောင်ဖုံးသွားသည်။

"အမှန်တိုင်း​ပြောရရင်..အရမ်းပင်ပန်းတယ်.. ယူ​ဂျောင်း။ ကိုယ့်စိတ်ကိုယ်ထင်သလို​စေခိုင်းလို့မရလို့ပိုပင်ပန်းတယ်"

အစကတည်းကဖြစ်သမျှကိုလှပတဲ့အိပ်မက်​လေးတစ်ခုလို့ပဲအမှတ်ထားခဲ့ပါတယ်။ တစ်ချိန်မှာမဖြစ်မ​နေနိုးထရမယ်ဆိုတာကိုလည်းနားလည်တယ်။ နားလည်​ပေမယ့်အိပ်ချင်​ယောင်​ဆောင်​နေတဲ့နှလုံးသားကိုအမှန်တရားကလှုပ်နှိုးတဲ့အခါနိုး​နေပါလျှက်ဆက်ပြီးအိပ်ချင်​ယောင်​ဆောင်​နေ​တော့ခက်လှသည်။

ယူ​ဂျောင်းရဲ့အုတ်ဂူ​လေးကိုသန့်ရှင်း​ရေး​သေချာလုပ်ပြီးယူ​ဂျောင်းကိုနှုတ်ဆက်စကား​ပြောကာတိတ်ဆိတ်စွာလှည့်ပြန်ခဲ့ရင်း​အပြန်ခြေလှမ်းတို့က​နှေး​ကွေး​လေးလံလို့​နေသည်။ ထိုအချိန်မှာသူ့နံဘံတစ်ဖက်လမ်း​ပေါ်မှာပတ်ဝင်လာသည့်အနက်​ရောင်ကား​​လေးတစ်စီးကသူ့​ဘေးမလှမ်းမကန်းတွင်တုံ့ခနဲရပ်သွားသည်။

"Hyung"

ကားအနက်​ပေါ်ကဆင်းလာသူက.. အခြားမဟုတ် ဂျွန်ဂျောင်ကုပင်တည်း။ ​ဂျောင်ကုကသူ့ကိုမြင်တာနဲ့သွား​တွေ​ပေါ်​အောင်ပြုံးပြရင်းသူ့အမည်ကိုတက်ကြွစွာ​ခေါ်လာသည်။ မ​မျှော်လင့်ဘဲမြင်လိုက်ရလို့အံ့အားသင့်မိပေမယ့်ပြုံးရွှင်​နေတဲ့မျက်နှာကိုမကြည့်မိ​အောင်အကြည့်​တွေကိုအမြန်လွှဲလိုက်သည်။

Can We Become Strangers? (✔️)Where stories live. Discover now