"ကင်ဆောနူး မင်းကအရူးလား
ဇာတ်ကား  ကြည့်ပြီးငိုရတယ်လို့
ငါသာမင်းသားဆို   အဲ့လိုသေသွားမဲ့သူကို မကြိုက်ပါဘူး ငါ့အနားမှာ အမြဲရှိနိုင်မဲ့သူကိုပဲ သဘောကျမှာ
မင်းသမီးဆိုတာကလည်း ကိုယ့်ဟာကို သေမယ်ဆိုတာ သိရက်နဲ့ သူများသွားကြိုက်ပြီး
ဝေဒနာပေးခဲ့သေးတယ် "
ဟူ၍ ဖြစ်လေသည်။

သူကဘာရယ်မဟုတ် မစာမနာပြောလိုက်ပေမဲ့ ကင်ဆောနူးကတော့ မျက်ရည်တွေစိုစွတ်နေသည့် မျက်ဝန်းဖြင့် သူ့အားငေးမောကြည့်လာကာ သူ့စကားအား ယနေ့အထိ မှတ်သားထားခဲ့ကြောင်း   ကင်ဆောနူးမိခင်ပြောမှ သူသိရလေသည်။
သူ့အတွက် နောင်တဟာ ရမဆုံးတော့။

ကိုယ့်ကိုယ်ကို   သေလူလို သဘောထားသည့် ကင်ဆောနူးဟာ မည်သူ့ကိုမှ မချစ်မိအောင် နေခဲ့လေသည်။
ထို့ပြင် ကင်ဆောနူးလွဲမှားစွာ တွေးနေခဲ့သည်က ပတ်ဆောင်ဟွန်းဆိုတဲ့သူဟာ သူ့ကို ဘယ်တုန်းကမှ မချစ်ဖူးလို့လေ။

လွဲမှားနေတဲ့ ဒီဇာတ်လမ်းကို ကင်ဆောနူး၏ ခွဲစိတ်မှု အပြီးတွင်တော့ မဖြစ်မနေ ပြင်ဆင်ရအုံးမည်။။

ယခုတော့
ကင်ဆောနူးရဲ့  ခါးလေးကို ပွေ့ဖက်ကာ သူ ကြိုးစားပြီး မျက်ဝန်းတို့အား ပိတ်လိုက်တော့သည်။

ကျေးဇူးပြုပြီး မနက်ဖြန်မှာလည်း ကင်ဆောနူးနဲ့ ထပ်ပြီး  အတူရှိခွင့်ရပါရစေ။

💙

သူ့အား နွေးထွေးစွာ ပွေ့ဖက်ထားသည့် ဘေးနားရှိလူရဲ့ လှုပ်ရှားမှုတွေ ငြိမ်သက်သွားတာမို့
သူမျက်ဝန်းတို့အား  ဖွင့်လိုက်မိသည်။

နီးကပ်စွာ ရှိနေသည့် ပတ်ဆောင်ဟွန်းဆိုသည့် ယောကျ်ားပျိုရဲ့ နှစ်သက်စရာ မျက်နှာအစိတ်အပိုင်းတခုဆီအား သူသဘောကျစွာ ကြည့်နေမိလေသည်။
တို့ထိလိုက်ချင်ပေမဲ့ နိုးသွားမှာစိုး၍ ငေးကြည့်ရုံသာ ကြည့်နေလိုက်သည်။
ငယ်စဥ်ထဲက သဘောကျစွာ ငေးကြည့်နေခဲ့ရသည့် မျက်နှာရယ်လေ။
သူ့မှာ ပိုင်ဆိုင်ခွင့်မရှိမှန်းသိ၍ ငေးကြည့်ရုံနဲ့ ကျေနပ်ခဲ့သည်သာ။

ထိုသူက သူ့အားချစ်သလား။မချစ်သလား သူမသိပေမဲ့ သူ့ဘဝတလျှောက်လုံး အကောင်းဆုံးအဖြစ်ရှိနေပေးခဲ့လေသည်။

He Is My BestieWhere stories live. Discover now