"လူနာ ကင်ဆောနူးက အခန်း၁၀၂မှာ ပါ"

"ဟုတ်ကဲ့ ကျေးဇူးပါ"

ကင်ဆောနူး၏ အခန်းရှေ့တွင်  ရဲနှစ်ဦးအား အဆင်သင့်တွေ့လိုက်ရသည်။

" ကျွန်တော် ပတ်ဆောင်ဟွန်းပါ  သူ့အခြေအနေဘယ်လိုရှိလဲဟင် "

"သူဗိုက်ကတော့ ဓားဒဏ်ရာကြောင့် ချုပ်လိုက်ရပေမဲ့  ဆရာဝန်က  မစိုးရိမ်ရတော့ဘူးလို့ပြောပါတယ်  ခုနက တခေါက်သတိရလာပေမဲ့  အခုတော့  ပြန်ပြီး အိပ်ပျော်နေတုန်းပဲ "

"ကျွန်တော့်ကို ဖြစ်သမျှလေး အသေးစိတ်ရှင်းပြလို့  ရနိုင်မလား  "

"အာ ရပါတယ်    "

ရဲများကတော့ ဖြစ်ပျက်သမျှကို သူ့အားရှင်းပြလေသည်။ထို့ပြင်  တရားခံအားလည်း ဖမ်းဆီးထားပြီးဖြစ်ကြောင်း အသိပေးလာလေသည်။

သူအခန်းတံခါးအား  ညင်ညင်သာသာ ဖွင့်ကာ အခန်းထဲသို့ဝင်လိုက်လေသည်။
ကုတင်ပေါ်တွင်တော့ ကင်ဆောနူးတစ်ယောက် ငြိမ်းချမ်းစွာပင် အိပ်ပျော်နေလေသည်။

သူကုတင်ဘေးဝင် ထိုင်လိုက်ရင်း ကင်ဆောနူး၏ နူးညံ့သောလက်လေးအား ဆုပ်ကိုင်ထားမိလေသည်။

ကင်ဆောနူးဟာ သု့အားအုပ်ထိန်းသူနေရာမှာ
မပြောင်းမလဲ မှတ်ထားနေဆဲပင်။
ထို့ကြောင့်ပင်
ရဲတွေဟာ ကင်ဆောနူးဖုန်းထဲက   အုပ်ထိန်းသူအဖြစ်မှတ်ထားသည့် သူ့အား ဆက်သွယ်လာခြင်းဖြစ်လေသည်။
ထိုသို့မှတ်ထားသည်က ပင် တမျိုးကောင်းလေသည်။
အကယ်၍သာ
ကင်ဆောနူးမိဘများအားသာ ဆက်သွယ်မိခဲ့လျှင် တခုခုဖြစ်သွားနိုင်သည်။
သူပင် စိုးရိမ်လွန်း၍ ရူးမတတ်ဖြစ်ခဲ့ရသည်မလား။
ဘလောက်ပဲ မစိုးရိမ်ရဘူးပြောပေမဲ့ သူ့နှလုံးခုန်သံဟာ ခုထိမြန်နေဆဲ။
သူ အမှန်ပင်ကြောက်သလို နောင်တလည်းရမိသည်။
သူသာ ကင်ဆောနူးအားတစ်ယောက်တည်း လွတ်မထားလျှင် ယခုလိုဖြစ်လာမည်မဟုတ်။
မြန်မြန်နိုးလာပါတော့ ဆောနူးရာ။

" တောင်းပန်ပါတယ် ဆောနူး
ငါက ငါ့ခံစားချက်ပဲ  ဂရုစိုက်ပြီး မင်းကိုပစ်ထားခဲ့မိတာ
ဒါပေမဲ့မင်းရော
မင်းလည်း  သူများတွေ ဘလောက်စိတ်ပူနေမလဲ မတွေးပဲ လုပ်ချင်တာ လုပ်နေတာပဲနော်"

He Is My BestieWhere stories live. Discover now