လော့ချန်ချန်သာမရှိရင် ဒီလောက်ထိ ကိစ္စတွေဖြစ်သွားနိုင်မှာလား လော့ချန်ချန်သာမရှိရင် သူခုထိအထွေထွေမန်နေဂျာဖြစ်ပြီး သက်သောင့်သက်သာနဲ့သူများလေးစားခံရတဲ့ဘဝမှာပဲနေနေရမှာ

ပြန်သွားဖိူ့? သူ့မှာပြန်သွားဖို့ လမ်းရှိဦးမယ်ထင်နေတာလား?

သူမ ဘုရားသခင်လို ကြည့်ခဲ့တဲ့ သူမအဖေရဲ့ အမုန်းကိုခံရတော့ လော့ချန်ချန် ထုံကျင်သွားတဲ့ထိ ရင်ကွဲခဲ့ရသည်

ဘယ်လောက်ကြာအောင်လျှောက်လာမိလဲမသိ နောက်ဆုံးကျ သူမရင်းနှီးတဲ့အဆောက်အဦးတစ်ခု ဘားတစ်ခုကို မြင်လိုက်ရတော့သည်။ အရင်က လော့ယောင်ယောင်ရယ် သူမသူငယ်ချင််းတွေရယ်နဲ့ လာခဲ့တဲ့နေရာကိုပေါ့ တံခါးစောင့်က သူမကိုတားချင်ပေမယ့် တခြားလူတစ်ယောက်က သူ့ကိုတားလိုက်သည်။ အဲ့လူက သူမကိုသိတဲ့ပုံပင်

မှောင်ရီပျိုးစဖြစ်တာကြောင့် ဧည့်သည်တစ်ယောက်မှမရှိ လော့ချန်ချန် ဘားမှာထိုင်လိုက်တော့ အဖျော်ဆရာက သူမကို "ဘာသောက်ချင်လဲ?" လို့မေးလာခဲ့သည်။

"ဘာဖြစ်ဖြစ်"

လော့ချန်ချန် စိတ်ကူးယဉ်နေသလို တော်တော်ကြာထိုင်နေခဲ့သည်။ ဘယ်ချိန်က သူမဘေးမှာလူတစ်ယောက်ဝင်ထိုင်လိုက်လဲ မသိလိုက်အောင်ပင်လေ

ထိုလူက ဝိုင်မှာပြီးတစ်ယောက်တည်းသောက်နေခဲ့သည်။

လော့ချန်ချန်ဘေးတိုက်ကြည့်လိုက်ပြိးလန့်သွားကာ "ချန်ဟောက်"လို့ခေါ်လိုက်သည်။

"လော့ချန်ချန်"

"ဘာလို့ဒီရောက်နေတာလဲ?"

နှစ်ယောက်သားတပြိုင်တည်းမေးလိုက်သလို တပြိုင်တည်းတိတ်သွားကြတော့သည်။သူမက အရင်ကထက် ပိိုလှလာပေမယ့် ဝမ်းနည်းနေတဲ့ မျက်နှာထားကို တော့ဖျောက်မရ

သူကခုထိ ကြည့်ကောင်းနေဆဲ ဒါမဲ့ ထိုင်းမှိုင်းလို့ မပျော်ရွှင်တဲ့ နှစ်ယောက်သားမှာ ဘာမှပြောစရာမရှိ

နောက်ဆုံးတော့လော့ချန်ချန်က အရင်စကာ "အဆင်ပြေရဲ့လား"လို့မေးလိုက်သည်။

ချန်ဟောက်က ခေါင်းခါပြကာ လက်ရှိအခြေအနေကိုမပြောပြချင်တဲ့ပုံပင် ဒါမဲ့ "မင်းရော။ နောက်ပိုင်းဘာတွေလုပ်နေတာလဲ မတွေ့ဖြစ်တာ တော်တ်ော့ကိုကြာပြီ" လို့ ပြန်မေးလိုက်သည်။

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now