17.2

4K 469 12
                                    

အခန်း ၁၇.၂

သူ့ဖုန်းကိုထုတ်ကာ ချန်ဟောက် ထိုနံပါတ်ကိုခေါ်လိုက်သည်။​ ဒါမဲ့လည်း 'ဝမ်းနည်းပါတယ်လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာ လတ်တလော မဖြေကြားနိုင်သေးပါသဖြင့် နောက်တစ်ခါပြန်လည်ခေါ်ဆိုပါ' လို့သာ ကြားလိုက်ရသည်။ ချန်ဟောက် လက်သီးကျစ်ကျစ်ဆုတ်ကာ မျက်နှာထားအေးစက်လို့နေသည်၊

တဖက်က ယောင်ယောင်ကတော့ဖုန်းချပြီးတာနဲ့ blacklist ကိုဖွင့်လိုက်သည်။ ထိုစာရင်းထဲမှာ ဖုန်းနံပါတ်တွေ စီးးရီးလိုက်မြင်လိုက်ရတော့ သူမ ရွံရှာတဲ့အမူအရာဖြစ်သွားတော့သည်။ တကယ့်ကို ဟာသပဲ အရင်ကဆို သူ့ဘက်ကနေ သူမကို စပြီးဖုန်းခေါ်ဖူးတာ လက်တဆုတ်စာ အရေအတွက်တောင်မရှိဘူး ဒါမဲ့ ဒီရက်တွေ သူခေါ်တဲ့ဖုန်းခေါ်ဆိုမှုနှုန်းက အရငင်ဘဝက သူမခေါ်ခဲ့တဲ့ အရေအတွက်နဲ့ တူတူလောက်ပင်  သူမဖုန်းကိုချကာ အဝတ်အစားတွေ သိမ်းလိုက်သည်။

ချင်းကျင်းနဲ့ ဆက်ဆံရေးကို အတည်ပြုပြီးတဲ့နောက် သူမ ချင်းကျင်းနဲ့သာနေဖြစ်တာများသည်။ နောက်ဆုံးးကျ သူမ အဝတ်ဗီရိုထဲ ဝတ်စရာမရှိတော့တာမြင်မှ အိမ်ပြန်လာပြီး အဝတ်စားလာယူရတာ ခရီးဆောင်အိတ်နှစ်ခုစာာလောက်ဖြည့်ပြီးတာတောင် သူမ မရပ်ချင်သေး ဒါမဲ့လည်းချင်းကျင်း အိမ်က နေရာသိပ်မရှိဘူးလေ နေလာတာလည်းကြာနေတော့ အိမ်လည်းမပြောင်းချင်တော့ဘူး အိမ်ကြီးကြီးက ကောင်းပေမယ့် သေးသေးလေးလောက် မနွေးထွေးဘူးလေ

ဖန်ရှီလဲ့နဲ့ လော့ယွမ်ဇီ အိမ်ထဲ ဝင်လာတော့ ဖိနပ်စင်ဘေးက ခရီးဆောင်အိတ်နှစ်လုံးကိုမြင်လိုက်ရသည်။ လော့ယွမ်ဇီကတော့ အာရုံမစိုက်သလိုပင် ဒါမဲ့ဖန်ရှီလဲ့ကတော့ မျက်မှောင်ကြုတ်လိုက်သည်။

ယောင်ယောင်က အန်တီနှစ်ယောက်နဲ့အတူ တီဗီကြည့်ပေးနေတာပင် မိဘတွေ ပြန်လာတာမြင်တော့ အပြေးလာနှုတ်ဆက်သည်။

ညစာစားပြီးတော့ ဖန်ရှီလဲ့က ယောင်ယောင်ကို အပေါ်ထပ်ကိုခေါ်သည်။

"လှေကားနားက ခရီးဆောင်အိတ်နှစ်လုံးကဘာတွေလဲ" အမေနဲ့သမီးကယောင်ယောင် အိပ်ရာပေါ်မှာထိုင်နေကာ ယောင်ယောင်က သူ့အမေပုခုံးပေါ်ခေါင်းလေးမှီလို့ "မား သမီး အိမ်ပြောင်းနေတော့မလို့?"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now