13.2

4K 473 10
                                    


RV ဆိုတာ ဒါပါနော် အခန်း ၁၃.၂ ဇီးသီးစိမ်းနဲ့ဝါးမြင်း

ယောင်ယောင်က သူ့ကိုကြည့်နေတာမြင်တော့ ဒုံဒုံက သူ့ကိုသွားတွေအကုန်ပေါ်အောင်ရယ်ပြကာ "ကျဲ ဘာကို ကြည့်နေတာလဲ?"

ယောင်ယောင်က သူ့ကို ဒေါသတကြီးသာပြန်ကြည့်လိုက်သည်။ သူမက ဒီအုပ်စုထဲ အငယ်ဆုံးကို သူမကို ဒိကောင်က အမြဲ "ကျဲ" လို့သာခေါ်တတ်သည်။ ဘာလို့လဲဆိုတော့ သူမ ငယ်ငယ်တုန်းက ပြသာနာရှာရတာ ကြိုက်လို့လေ သူမ မွှေတိုင်း သူတို့က အမြဲ လိုက်ရှင်းရတော့ ဘယ်သူက စပြောလိုက်တာလဲမသိဘူး "မင်းက ငါ့ကျဲ ပဲ ကျေးဇူးပြုပြီး အစ်မကြီး ဒုက္ခပေးတာ တော်ပါတော့"

သူတို့ အကြီးလို့ ဆိုလိုချင်တာပင်

သူမက အဲ့လိုကြားတော့ တအားကျေနပ်ခဲ့တာ ဒီအုပ်စုက သူမကို ကျဲလို့ခေါ်တာက နာမည်ပြောင်လို ဖြစ်သွားတဲ့ထိပဲ တစ်ယောက်က အဲ့လိုခေါ်လိုက်တိုင်းလည်း သူမ စိတ်ထဲကျေနပ်နေကျ ချီးကျုးတာ လို့ထင်နေခဲ့တာလေ

ဒုံဒုံက ခု နှပ်ချေးတွဲလောင်းနဲ့ မျက်ရည်တွေ ကျကျလာတတ်တဲ့ ကောင်လေးမဟုတ်တော့ဘူး အရင်လို မင်းသားလေးလို ဝတ်စားတတ်တဲ့ပုံမျိုးလည်းမဟုတ်တော့ဘူး အခုကျ ပန်းပွင့်ရှပ်န့ ဘောင်းဘီတို ဝတ်ထားကာ ခေါင်းကလည်းရှုပ်ပွလို့ အသားအရေကလည်း နေရောင်ကြောင့် နီမြန်းနေကာ  ဒီအုပ်စုထဲ​​​ အငယ်ဆုံးဆိုပေမယ့် ဦးလေးကြီးလိုပင်

ယောင်ယောင်က တခြားသူတွေကိုကြည့်လိုက်သည်။ ဒီလူဆို လူတိုင်း လန့်သွားစေတဲ့ထိ အစိုးရဘက်ပိုင်းကို ဝင်သွားပြီ အခုကျ မျက်မှန်နဲ့ မျက်နှာတည်နဲ့ သူ့သမီးတောင် ၃ နှစ်အရွယ်ရောက်နေပြီ

ဒိတစ်ယောက်ဆို ရှက်တတ်တဲ့ပုံစံနဲ့ အခုကျ နာမည်ကြီး အဆိုတော်ဖြစ်ပြီး အသံကလည်းအကျယ်ဆုံး

"ဒုံဒုံ ဘာလို့ ဒီတစ်ခေါက်ပြန်လာတာလဲ?"

"တခြားမရှိပါဘူး နောက်ရက်အနည်းငယ်လောက်ဆို အဘိုးမွေးနေ့လေ ငါပြန်မလာရင် သူငါ့ကိုမှတ်မိတော့မှာမဟုတ်ဘူးအို ဟုတ်သား မင်းဘာလို့ မင်းမိန်းမကိုခေါ်မလာတာလဲ?"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now