23.3

3.4K 405 11
                                    

ချင်းကျင်းတွေးနေတာတွေ ယောင်ယောင်ကဘာမှမသိ သူမက သူမရဲ့ပန်းတိုင်ကို ဆုံးဖြတ်ပြီးသွားရင် အဲ့ဒါကိုပဲ​စိတ်နှစ်ပြီးလုပ်မယ့်လူမျိုး  ဒိတစ်ခါက သူမက အောင်မြင်ဖို့ စိတ်အားထက်သန်နေတာကြောင့် သေချာပေါက် ပိုအလုပ်ကြိုးစားမှာပင်

ညစာစားပြီးတော့ လော့ယောင်ယောင်က ဆိုဖာပေါ်မှာ ထပ်လှဲနေကာ ချင်းကျင်းကတော့ ကီးဘုတ်ဂိမ်းဆော့နေခဲ့သည်။

၈ နာရီထိုးတော့ လော့ယောင်ယောင်က လှဲနေဆဲ ချင်းကျင်းကလည်း ကီးဘုတ်ကို သေမလို ရိုက်နေဆဲ ယောင်ယောင်ကို ကြည့်ဖို့လည်းမမေ့

၉ နာရီကျတော့လည်း ယောင်ယောင်က ဒီတိုင်းပဲ​ချင်းကျင်းက သူတို့ ကြမ်းပြင်ကိုမှန်ကြည့်လို့ရအောင်ပါ တိုက်နေတာပင် ယောင်ယောင်ကိုလည်း ခနခနကြည့်

၁၀ နာရီခွဲတော့ လော့ယောင်ယောင် ပင်ပန်းသွားသလိုပင် ပတ်လည်ကိုကြည့်လိုက်တော့ ချင်းကျင်းကို မမြင်တာနဲ့ ရုတ်တရက် ထူးဆန်းသလို ခံစားလိုက်ရသည်။ ညနေခင်းကတည်းက တစ်ခုခုပျောက်နေသလို ခံစားနေရတာ ချင်းကျင်းက တညလုံး သူမကိုစကားတခွန်းတောင်မပြောဘူးလေ

အိမ်ထဲကို လိုက်ကြည့်လိုက်တော့ ချင်းကျင်းက အိပ်ရာထဲမှာ အိပ်နေတာကို မြင်လိုက်ရသည်။ သူက လုံးဝ အိပ်မောကျနေသလိုမျိုး

ဒါကိုမြင်တော့ ယောင်ယောင်က ဒေါသထွက်သွားတော့သည်။ သူက တကယ်ကြီး သူမကိုမခေါ်ဘဲ တစ်ယောက်တည်းအိပ်သွားတာပဲ

မျက်နှာကို ဒေါသတကြီး မျက်နှာသစ်ကာ သွားတိုက်ပြီး မီးပိတ်လိုက်တော့သည်။ အိပ်ရာတစ်ဖက်ဘေးမှာ လှဲတော့လည်း ချင်းကျင်းနဲ့အဝေးကြီးမှာ လှဲအိပ်တာပင်

ခနလောက်သည်းခံ အိပ်ပြီးတော့ ယောင်ယောင် ဆက်သည်းမခံနိုင်တော့ သူမက ချင်းကျင်း နားကို ဖြည်းဖြည်းချင်းတိုးးသွားကာ နောက်ကနေ ချင်းကျင်းခါးကိုဖက်ပြီး တိုးတိုးလေး "ချင်းကျင်း" လို့ခေါ်လိုက်သည်။

ချင်းကျင်းကတကယ် အိပ်ပျော်နေပုံပင် ဘာတုံ့ပြန်မှုမှမရှိ

ဒါမဲ့လည်းလောာ့ယောင်ယောင်က လျှော့တွက်လို့ရတဲ့သူမှမဟုတ်တာ လက်သေးသေးလေးတွေနဲ့ချင်းကျင်း ရင်ဘတ်ကိုကုတ်ခြစ်ကာ ကလိထိုးတော့သည်။ ချင်းကျင်းက ချက်ချင်း လှည့်ကာ ယောင်ယောင်လက်နှစ်ဖက်ကိုခေါင်းထက်ကို ဖိချုပ််လိုက်ပြီး ယောင်ယောင်ကို ကြည့်တဲ့အကြည့်တေါကလည်း ဝံပုလွေ တစ်ကောင်လို အကြည့်မျိုးပင်

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now