25.3

3.3K 370 7
                                    

တကယ့်ကို အရိုက်ခံချင်နေတာပဲ လင်းဖေးက တကယ်ထသွားပြီး ရိုက်ပစ်ချင်လာသည်။ ဒါမဲ့ ဒိလို သေရမယ်ဆိုတာတွေးမိတော့ သူမ နည်းနည်းတွန့်ဆုတ်လာမိသည်။ သေရမယ်ဆိုရင်တောင် လှလှလေးပဲသေချင်သည်လေ

ယောင်ယောင်က စကားမပြော လင်းဖေးက တော်တော်ကြာတဲ့ထိ မခုန်သေးတာမြင်တော့ သူမနည်းနည်းစိတ်အေးသွားမိသည်။

ခနနေမှ လင်းဖေးက။ "လော့ယောင်ယောင် နင်ငါ့ကို သနားနေစရာမလိုဘူး သူ့ကိုမနေ့က နင် သဘောတူလိုက်သင့်တာ နင်ဒီနေ့ကို စောင့်နေခဲ့တာမလား?"

"နင့်ကြောင့် ငါချန်ဟောက်ကို ငြင်းတယ်ထင်နေတာလား?" ယောင်ယောင် အံဩသွားသည်။

လင်းဖေးက ဘာမှမပြော

ယောင်ယောင် ရုတ်တရက် ပြုံးကာ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါနင့်ကိုတစ်ခါမှ မသနားခဲ့ဖူးဘူး ငါသူ့ကို မကြိုက်တော့လို့ ငြင်းခဲ့ရုံပဲ" ချန်ဟောက်ကို မနေ့က လင်းဖေးနဲ့ကိစ္စမေးခဲ့တာက သူ့အကြင်နာတရားဘယ်လောက်ခေါင်းပါးလဲ သိချင်လို့ပင် လင်းဖေးက သနားစရာကောင်းတယ်ထင်လို့မဟုတ်ဘူး

ဒါကိုကြားတော့ လင်းဖေးက ယောင်ယောင်မျက်နှာထားကိုလေးနက်စွာကြည့်လာခဲ့သည်။ ယောင်ယောင်က တည်ငြိမ်နေကာ လိမ်နေတဲ့ပုံနဲ့မတူ သူမနဲ့ချင်းကျင်း ဒိတ်နေကြပြီဆိုတဲ့ ကောလဟာလတွေကိုပြန်တွေးမိလိုက်သည်။ ကောလဟာလ သက်သက်ပဲ မဟုတ်ဘူးထင်သည်။

ယောင်ယောင်က ရုတ်တရက် "လင်းဖေး ချန်ဟောက်မရှိရင် နင်သေသွားမှာလား?"

လင်းဖေးက တဖန် "လော့ယောာင်ယောင် ချင်းကျင်းမရှိရင် နင်သေသွားမှာလား?"

ယောင်ယောင်က တိတ်သွားတော့သည် သူမတွေးကြည့်နေမိသည်။ ဒါမဲ့ သူမ မသေဘူးဆိုတာကိုတော့ သူမသိသည်။ဖြစ်နိုင်တာက ဘဝတစ်ခုစာ ခံစားခဲ့ရတော့ သေဖို့ မတွေးတော့တာလည်းဖြစ်နိုင်သည်။ သူမတစ်ခါသေပြီးသွားပြီလေ အခုမှ သူမ ဘဝကို ပြန်ပြိးအားယူပြီး စတင်နေတာ နာကျင်ရတယ်ဆိုရင်တောင် သူမ ဆက်ရှင်သန်ရဦးမှာ သေသွားရင် ဘယ်အရာကမှ အဓိပ္ပာယ်မရှိတော့ဘူးလေ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now