အခန်း ၉ သူငယ်ချင်းတွေ

4.2K 497 2
                                    

အခန်း ၉ သူငယ်ချင်းတွေ

ဒိတ်မှာပျော်ရွှင်နေတဲ့ ယောင်ယောင်နဲ့ယှဉ်ရင် လော့ချန်ချန် အခြေအနေက တော့ ကြည့်မကောင်း အိမ်ပြန်နောက်ကျတာကိုမပြောနဲ့ဦး

တောက်ပနေတဲ့ဆံပင်အနက်ရောင်တွေက ခရင်တွေပြည့်လို့ ညာဘက်ပါးကလည်းယောင်လို့ ညှက်ရိုးမှာလည်း ကုတ်ခြစ်ရာတွေနဲ့ ဒီလိုအခြေအနေမျိုးမြင်ရတော့ ယောင်ယောင်ပျော်သည်လေ သူမက မောက်မာပြီး ကျိုးကြောင်းမဆီလျော်တဲ့သူဆို လင်းဖေးက သူတို့ အသိုင်းအဝိုင်းမှာ စိတ္တဇ လို့ နာမည်ကြီးသည်လေ

အရင်ဘဝ တုန်းက ယောင်ယောင် က လင်းဖေးနဲ့ ထိပ်တိုက်တွေ့ပေမယ့် အမေနောက်ခံအပြင် ချင်းကျင်းလည်းးရှိတော့ လင်းဖေးက မတုံး သေလောက်အောင်​ဒေါသထွက်ပေမယ့် လွန်လွန်ကြူးကြူး ဘာမှမလုပ်ရဲဘူးလေ အကျင့်ယုတ်တဲ့ နည်းလမ်းတွေနဲ့ပဲ ယောင်ယောင်ကို ချောက်ချတာ

လူတွေက ခွေးကိုရိုက်ရင် သခင်ကို ကြည့်ရမယ်လို့ပြောတယ်မလား။ ယောင်ယောင်ရှိနေသရွေ့ လော့ချန်ချန်ကလည်းနောက်ခံ ရှိနေတာပဲလေ ဆိုတော့ လော့ချန်ချန်က ဒီမိသားစုထဲမှာရှိနေသလို သူမက ကာကွယ်ပေးခံနေရမှာပင်

ဒါမဲ့ ဒီတစ်ခါတော့ ယောင်ယောင်လည်းမရှိဘူး လင်းဖေး စရိုက်နဲ့ လော့ချန်ချန်က အဆုံးသတ်ကောင်းမယ်ထင်လို့လား

လော့ချန်ချန်ရဲ့ လက်ရှိပုံစံကိုကြည့်တာနဲ့ မနေ့က ဘယ်လောက်ထိ အခြေအနေဆိုးခဲ့လဲ​သိနိုင်တယ်လေ

သူမ အမေ မောင်းတဲ့ကားပေါ်မှာထိုင်ပြီး ယောင်ယောင် တွေးနေမိတာ သူမ မပါဘဲ ပြဇာတ်ကို ဆက်ကကြမယ့် လင်းဖေး ချန်ဟောက် လော့ချန်ချန်ကို ဇာတ်က ဘယ်လိုများဖြစ်မလဲလို့ သူမနဲ့ မဆိုင်တော့ပေမယ့် ပျော်ပျော်ကြီးကြည့်ရမယ်မလား

ကားမောင်းနေတဲ့သူက သူမ အမေမို့လို့လားတော့မသိ ယောင်ယောင် နေလို့ကောင်းနေခဲ့သည်။

ဖန်ရှီလဲ့က စည်းကမ်းကြီးတဲ့သူပင် မိန်းမဆန်တာမျိုးလည်းသိပ်မရှိဘူး ညစာပါတီတွေကလွဲလို့ ပုံမှန် ဘယ်တော့မှ စကပ်မဝတ်တတ်ဘူး ဆံပင်ကလည်း နားထိပဲ ရှည်တာ ဖီးနစ်လို မျက်လုံးတွေကလည်း ခက်ထန်ပြီး ကြောက်ဖို့ကောင်းသလို့ သူမက ခေတ်ဟောင်း အမျိုးသမီးပင်

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now