27

3.3K 389 14
                                    

အခန်း ၂၇ လော့ယွမ်ဇီ

ထိုအခိုက်အတန့်မှာ ချင်းကျင်းနဲ့ ယောင်ယောင်ကိုတင် အံဩစေတာမဟုတ်ဘဲ ဖန်ရှိီလဲ့နဲ့လော့ယွမ်ဇီကို ပါ အံဩစေတာပင် ကြောက်တာဆိုပိုမှန်မှာပေါ့လေ

သူတို့ ဘာတွေကြားပြီး ဘာတွေမြင်လဲ တချက်ကြည့်ကြရအောင်

တနေကုန်အလုပ်လုပ်ပြိီး ပင်ပင်ပန်းပန်းအိမ်ပြန်လာချိန် ချင်းကျင်းက သူတို့အိမ်အောက်မှာ အရူးလို ပတ်ပြေးနေခဲ့တာလေသူတို့က အပေါ်ကို မော့ကြည့်မလိုလုပ်တုန်းမှာပဲ ငလျင်လှုပ်မတတ် အသံကို ကြားလိုက်ရတော့တာပဲ "လော့ယောင်ယောင် ကို့ကို လ်ထပ်နိုင်မလား?"

ဖန်ရှီလဲ့က ဒီကောင်လေးကသူမ သမီးလေးနဲ့ လိုက်ဖက်မဖက် စမေးခွန်းထုတ်မလို့ရှိသေး သူမရဲ့ငတုံးသမီးလေးက "အိုခေ" လို့အကျယ်ကြိီး ချင်းကျင်းအော်သလို ပြန်အော်သတဲ့

'အိုခေ'....'ဘာကို အိုခေတာလဲ' ဖန်ရှီလဲ့ အသက်ရှင်လာတဲ့တလျှောက် တစ်ခါမှ ဒီလောက်ဒေါသမထွက်ဖူးဘူး အော်ဆဲပစ်ချင်တဲ့ထိလေ

ဒီလို ခပ်ပေါ့ပေါ့ လက်ထပ်ခွင့်တောင်းတာကိုမပြောနဲ့ဦး ပြန်ဖြေတဲ့သူကလည်း ခပ်ပေါ့ပေါ့ပြန်ဖြေရလား?

ဖန်ရှီလဲ့ ဒေါသကြောင့် မျက်နှာကြီးနီရဲလာတော့သည်။ သူမ ဘယ်လိုလုပ် ဒီလို သမီးမျိုး မွေးထားမိတာလဲ နှစ်ယောက်သားက အကျယ်ကြီးပြောနေတာ ပတ်ဝန်းကျင်လည်း သေချာပေါက် ကြားမှာပဲ ဖန်ရှိီလဲ့ သူတို့ရဲ့အိမ်နီးချင်းတချို့ ကိုတောင် မြင်လိုက်ရပြီးပြီပင် ဒီလိုအိမ်နီးချင်းတွေနဲ့ မနက်ဖန်မပြောနဲ့ ဒီညတင် သတင်းပြန့်သွားတော့မှာ

အဲ့ခါကျ ဒီကလေးနှစ်ယောက်က ဒီတိုင်းလျှောက်စရုံပဲဆိုရင်တောင်ဒီကိစ္စက ရှင်းရတော့မှာ မဟုတ်ဘူး

တွေးလိုက်တာနဲ့ ဖန်ရှီလဲ့ ကားတံခါးကိုဖွင့်ကာ ကားပေါ်က ဆင်းပြီး သူ့သမိီးသိက္ခာကိုဖျက်ဆီးနေတြ့ ကောင်လေးကို စိတ်တိုစွာ ကြည့်ကာ "ချင်းကျင်း!"

"အန်တီဖန်....."ချင်းကျင်း နည်းနည်းရှက်သွားတော့သည်။ လက်ထပ်ခွင့်တောင်းတာကို မိန်းကလေးအမေက မြင်သွားတာလေ ဒါက။ ချင်းကျင်းဘဝမှာ ရှက်စရာအကောင်းဆုံးအခိုက်အတန့်နေမှာပဲ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now