အခန်း ၄(အပိုင်း ၁)

4.7K 565 0
                                    

အခန်း ၃.၁ ကလေးဆန်တဲ့မိန်းမတစ်ယောက်ဖြစ်ဖို့

လော့ယောင်ယောင်က နောက်နေ့ကျ ဆေးရုံကဆင်းခဲ့သည်။ သူမကိုယ်လည်း ဘာမှမဖြစ်တာကြောင့် ဆေးရုံမှာ ဆက်နေစရာမလိုတော့ ဖန်ရှီလဲ့က သိပ်သဘောမတူချင်ပေမယ့် လော့ယောင်ယောင်ကို မဖျောင်းဖျနိုင်တာနဲ့ လော့ယောင်ယောင် ဆေးရုံက ဆင်းခွင့်ရခဲ့တော့သည်။

အိမ်ရောက်တာနဲ့ ပထမဆုံးလုပ်တာက ရေချိုးတာပင် လော့ချန်ချန်က အိမ်အလုပ်တွေကို သနားစရာကောင်းအောင်လုပ်ပြနေပေမယ့်လော့ယောင်ယောင်ကတော့ သူမတည်ရှိမှုကို လျစ်လျုရှုထားသည်။ လော့ချန်ချန် သူမကို ရန်လာမစရင်အကောင်းဆုံးပင် မဟုတ်ရင်တော့ သူမကို တကယ်ရက်စက်တာက ဘာလဲဆိုတာသိအောင်လုပ်ပေးလိုက်မည်။

အရင်တုန်းက သူမ ဂုဏ်သိက္ခာကို ဂရုစိုက်ခဲ့လို့နေမည်။ ရန်ဖြစ်တာ ဆိုးဝါးတဲ့စကားတွေပြောတာကလွဲလို့ လွန်လွန်ကြူးကြူးဘာမှမလုပ်ခဲ့ တခြားလူတွေက သူမ အစ်မကို အစေခံလို ဆက်ဆံတယ် နောက်ကွယ်မှာ ရိုက်နှက်တယ်လို့ပြောကြသည်။ ဒါမဲ့ တကယ်တန်း အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ လော့ချန်ချန်ကို သူမ ဖေဖေက တအား ဂရုစိုက်တာလေ

ပြီးတော့ သူမက လော့ချန်ချန်ရဲ့ ပြိုင်ဘက်တောင်မဟုတ်ဘူး

ရှက်ရှက်နဲ့ပြောရရင် ငယ်ငယ်ကတည်းက အလိုလိုက်ခံရပြီး ဆိုးနေတဲ့ လော့ယောင်ယောင်လေးက လေ့ကျင့်ခန်း လုပ်ရတာကို မကြိုက် ဆိုတော့ သူမက ၅ ပေ ၄ လက်မသာရှိပြီး လော့ချန်ချန်က ၅ ပေ ၆ လက်မရှိသည်။ ပြီးတော့ ကိုယ်ခန္ဓာ အချိုးအစားလည်းမတူ လော့ယောင်ယောင်က လေယာဉ်အဝေးပြေးလမ်းလို ရင်ဘတ်ပြားပြားသာရှိပြိး သူမကိုအဲ့ဒါကို နည်းနည်းလေး ဂုဏ်ယူနေပေမယ့် လော့ချန်ချန်နဲ့ယှဉ်ရင် ပြောစရာတောင်မလိုတော့

လော့ယောင်ယောင်ရေချိုးပြိးတော့ သူမက မှန်ရှေ့မှာ တဘက်ပတ်ပြီး ကိုယ့်ကိုကိုယ် ကြည့်လိုက်သည်။ သူမခြေချောင်းလေးတွေက ပုလဲလို ဝိုင်းပြီး ကျောက်စိမ်းလိုတောက်ပနေကာ အသားအရေကလည်း နူးညံ့ချောမွတ်လို့။ အရင်တုန်းက လော့ချန်ချန်နဲ့ယှဉ်နိုင်ဖို့ သူမ အမြဲတမ်း ၁၀ စင်တိမီတာ ဒေါက်တွေကိုစီးခဲ့ရသည်။ သူမခြေထောက်တွေက အမြဲနာကျင်ရပြီး ပုံပြောင်းသွားတဲ့ထိပင်

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now