Intro

31K 1.3K 54
                                    

16နှစ်အရွယ်ရဲ့ အချစ်က ကော်ဖီခါးခါး တစ်ခွက်လိုမျိုး။

ခါးသက်သက်ကော်ဖီအရသာက ပါးစပ်ထဲကို ပျော်ဝင်သွားရင်း အချိန်ကြာတော့မှ ချိုစိမ့်လာသလိုမျိုး 16နှစ်အရွယ်ရဲ့ ရင်ခုန်မှုဆိုတာကလည်း ခါးသက်တဲ့နာကျင်မှုတွေကနေ တစ်ဆင့် တဖြေးဖြေးနဲ့ ဂရုဏာအကြင်နာတရားကို ယူဆောင်လာတတ်သည်။

ရင်ထဲအထိ ရင်ပတ်လာတာ။

ဟိုးနှလုံးသားရဲ့ အတွင်းထဲမှာအထိ အမြစ်တွယ်ခဲ့တော့တာ။

တစ်ခါမှ မချစ်ဘူးတဲ့ ခံစားချက်။

အရာအားလုံးက လှပနေပြီး အဲဒီလူတစ်ယောက်နဲ့တင် ပြည့်စုံသွားခဲ့တာမျိုး။

သက်မှတ်ထားတဲ့ စံနှုန်းတွေကိုကျော်လွန်ပြီး ငြိတွယ်သွားခဲ့မိတာ အဲဒီမျက်ဝန်းညိုတွေကို။

အဖြူရောင်ရှပ်အင်္ကျီ လက်ရှည် နဲ့ အဲဒီလူ။

ရယ်သံ လွင့်လွင့်ကလေးနဲ့ အဲဒီလူ။

အမြဲတမ်း လေးနက်နေတတ်တဲ့ သူ့ရဲ့ စကားသံတွေ။

အလွတ်ကျက်မှတ်ထားခဲ့တဲ့ ကျောပြင်ကျယ်။

ရေတွက်ထားခဲ့တဲ့ သူ့ရဲ့ အိမ်ပြန်ချိန် ခြေလှမ်းတွေ။

16နှစ်အရွယ်မှာ အဲဒီလူက ကျွန်တော့်အတွက်တော့ အလှပဆုံး ဒိုင်ယာရီလေး ဖြစ်ခဲ့သည်။

***

ကော်ဖီခါးခါးလိုမျိုး တစ်ခါတစ်လေမှာ ခါးသီးမှုတွေကို ပေးတတ်တဲ့ အဲဒီလူ။

အဲဒီမိန်းကလေးကို နူးညံ့နေတဲ့ သူ့ရဲ့ ပုံစံတစ်ချို့ကို မြင်ခဲ့ပြီး ရင်ထဲတလှပ်လှပ်။

ကိုယ့်ကို သုံးသလို နာမ်စားလှလှလေး သူက ထိုမိန်းကလေးကို သုံးနှုန်းနေခဲ့သည်။

ရစ်ဝိုင်းခဲ့တဲ့ မျက်ရည်တွေ။

စားပွဲဝိုင်းလေးတစ်ခု။ လူသုံးယောက်။ ကမ္ဘာနှစ်ခြမ်း။

ကမ္ဘာတစ်ခုက ငိုနေပြီး ကမ္ဘာတစ်ခုက ပျော်နေခဲ့တာ။

ယောင်္ကျားလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို ချစ်နေမိတာ ဆိုတဲ့ ကျွန်တော့်ရဲ့ စိတ်ကို ထိုစားပွဲဝိုင်းရဲ့ စကားဝိုင်းလေးထဲက နာမ်စားတစ်ခုက သတ်ချသွားတာ။

Bitter Coffee In My Heart (Complete)Where stories live. Discover now