ဖန်ရှီလဲ့အဖေက စည်းကမ်းတင်းကြပ်တဲ့ လူကြီးပင် စကားမပြောဘဲ လူတစ်ယောက်ကို သေချာကြည့်ပြီး အကဲခတ်လိုက်တာနဲ့ တဖက်လူက ကြောက်ပြီး ချွေးပြန်လာတော့မှာ

ပြီးတော့ အဲ့ချိန်က လော့ယွမ်ဇီက တအားကိုတုန်လှုပ်နေခဲ့တာ ဖန်ရှီလဲ့ မိဘတွေရဲ့ မျက်နှာချင်းဆိုင်မှာထိုင်ပြီး တကိုယ်လုံးတောင့်နေခဲ့တာ

ဒိလို သူ့တုန်လှုပ်နေသလို တုန်လှုပ်နေတဲ့ လူငယ်လေးကို မြင်လိုက်ရတော့ ဘယ်သူကကောင်းပြီး ဘယ်သူကဆိုးလဲဆိုတာ ချက်ချင်း မြင်နိုင်တယ်ဆိုတာပင်

အန်တီလျိုက သူတို့နှစ်ယောက်အတွက် ကော်ဖီဖျော်လာပေးခဲ့သည်။ ချင်းကျင်းက ယဉ်ကျေးစွာ ကျေးဇူးတင်စကားပြောလိုက်သည်။

လော့ယွမ်ဇီက ကော်ဖီခွက်ကိုယူကာ အဖုံးကို ဟလိုက်သည်။ ချင်းကျင်းကိုကော်ဖီမွှေရင်း ဆက်အကဲခတ်နေကာ တချိန်လုံးမှာလည်းချင်းကျင်းက တည်ငြိမ်နေဆဲ

အမျိုးသားနှစ်ယောက်တိတ်ဆိတ်စွာထိုင်နေတုန်းမှာပဲ အမေနဲ့သမီးဖြစ်တဲ့ ဖန်ရှီလဲ့နဲ့ လော့ယောင်ယောင်ကတော့ ကိုယ်ပိုင်အတွေးကိုယ်စီနဲ့အောက်ကို ဆင်းလာခဲ့ကြသည်။

"အန်တီဖန်" ချင်းကျင်းက ချက်ချင်း ထရပ်ကာ နောက်ဆုံးတော့ သူတုန်လှုပ်နေတဲ့အမူအရာကို ပြသလာတော့သည်။။

ဒါက တချိန်လုံးအကဲခတ်နေတဲ့လော့ယွမ်ဇီကို မပျော်မရွှင်ဖြစ်သွားစေလေသည်၊

"ချင်းကျင်း မင်းငါနဲ့လိုက်ခဲ့" ဖန်ရှီလဲ့က လော့ယောင်ယောင်ကို တချက်ကြည့်ကာ "ညည်းဒီမှာနေခဲ့" လို့ပြောပြီးချင်းကျင်းကို အပေါ်ထပ်စာကြည့်ခန်းကိုခေါ်သွားတော့သည်။

အမှန်တိုင်းပြောမလို့ ကြံနေတဲ့လော့ယောင်ယောင်ငခမျ သူမ အမေကြောင့် လျှာလေးကိုက်ပြီးဆိုဖာပေါ် ပစ်ထိုင်ကာ လော့ယွမ်ဇီကို "ပါးပါး"လို့ခေါ်လိုက်သည်။

ထိုသို့ခေါ်ပြီး သူမက အပေါ်ထပ်ကိုကြည့်ကာ မျက်လုံးဝိုင်းကြိးတွေက ဘာတွေကြံနေမှန်းမသိရ

"ယောင်ယောင် ထိုင်ရင် သေချာထိုင်မှပေါ့ ညည်းထိုင်တဲ့ပုံစံကိုလည်း ကြည့်ဦး သေချာထိုင်" လော့ယွမ်ဇီက မကျေနပ်စွာပြောလာသည်။

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now