ဖန်ရှီလဲ့က အေးစက်စွာ "ငါနဲ့လိုက်ခဲ့"
ထိုသို့ပြောပြီး လှည့်ကာ အိမ်ထဲ ဝင်သွားတော့သည်။

ချင်းကျင်းက ယောင်ယောင်အခန်းထဲ မော့ကြည့်လိုက်တော့ ယောင်ယောင်က သူမ အမေကို မြင်ပြီး ပုန်းလို့နေသေနည်။ သူခိုးလိုလေ သူမ အမေက အိမ်ထဲ​ဝင်သွားတာကိုမြင်တော့မှချက်ချင်းထရပ်တော့သည်။ဒါမဲ့လည်း ခုနကလို အကျယ်ကြီးမအော်တော့ဘဲ ချင်းကျ်ငးကို လက်ဟန်ခြေဟန်ပြကာ လက်နှစ်ဖက်နဲ့ 'နှလုံးသားရှိသော်လည်း စွမ်းအားမရှိ' ဆိုတဲ့ အသွင်အပြင်ကို လုပ်ပြကာရင်ဘတ်ကိုပုတ်ပြလိုက်သည်။ သူအဆင်ပြေဖို့ မျှော်လင့်ပါသည်ဆိုတဲ့သဘာ

ချင်းကျင်းက ဒီလိုချိန် လေးလေးနက်နက် နေပြရမယ်ဆိုပေမယ့် ယောင်ယောင်ကြောင့် မရယ်ဘဲ မနေနိုင်

အိမ်ထဲ ဝင်တော့ ဖန်ရှိီလဲ့ကိုမမြင် ဒါမဲ့ နာနီအန်တီနှစ်ယောက်ကတော့ ဘေးမှာရပ်ကာ လက်သီးဆုတ်ပြီး အားပေးသလို ပုံစံလုပ်ပြနေကြတာကြောင့် ချင်းကျင်းကျေးဇူးတင်စွာ ပြုံးလိုက်သည်။

လော့ယွမ်ဇီက ဂိုဒေါင်ထဲမှာကားထိုးနေတောကြောင့် နောက်မှာ သူဝင်လိုက်ချိန်မှာ လူနှစ်ယောက်နောက်ကို လိုက်သွားလိုက်ရသည်လေ

"ဦးလေးလော့"

"အင်း" လော့ယွမ်ဇီက အေးစက်တာလည်း မဟုတ်နွေးထွေးတာလည်းမဟုတ်တဲ့ တုံ့ပြန်မှုတစ်ခု ပြန်ပေးလာခဲ့သည်။ ဘေးမှာရပ်နေတဲ့ နာနီနှစ်ယောက်ကိုကြည့်ကာ "ဧည့်သည်အတွက် ကော်ဖီသွားမဖျော်ကြတော့ဘူးလား?"

"ဟုတ်ကဲ့" အန်တီနှစ်ယောက် မီးဖိုချောင်ထဲ ဝင်သွားကြတော့သည်။

လော့ယွမ်ဇီက ဆိုဖာပေါ်ထိုင်ပြီးတော့ ချင်းကျင်းကို အိမ်ကြီးရှင်လို အပြုအမူနဲ့ "ထိုင်" လို့ပြောလိုက်သည်။

ချင်းကျင်းလည်း သူ့စကားအတိုင်း ထိုင်လိုက်သည်။

လော့ယွမ်ဇီက သူ့သမီးကို ခုတင် လက်ထပ်ခွင့်တောင်းထားတဲ့ ဒီလူကို အကဲခတ်နေခဲ့သည်။ မတ်မတ်ထိုင်နေသလို မျက်နှာမှာလည်း အပြုံးတစ်ခုနဲ့ မောက်မာသလို ပုံစံမျိုးလည်းမရှိနေ လော့ယွမ်ဇီ မနေနိုင်ဘဲ လွန်ခဲ့တဲ့ ၂၂ နှစ်က သူ ဖန်ရှီလဲ့အိမ်ကို ပထမဆုံးအကြိမ်ရောက်တုန်းကပုံစံကို ပြန်သတိရလိုက်မိသည်။

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now