ဒါမဲ့ အမှန်တရားက သူမက သွင်ပြင်ကသာ အသက် ၂၀ ဖြစ်နေတာ သူမစိတ်က အသက် ၂၇ နှစ်အရွယ် မိန်းမတစ်ယောက်လေ

ချင်းကျင်းလည်း ကလေးရှိလို့ ကြောက်နေ ပျာယာခတ်နေမှာမဟုတ်လောက်ဘူး သူအသက် ၂၅ နှစ်ဖြစ်နေပြီလေ သူ့အသက်နဲ့ဆို ကလေးတစ်ယောက်ရှိဖို့တောင်တွေးနေသင့်ပြီ

အဲ့ဒါကြောင့် ယောင်ယောင် ကျဉ်းထဲကျပ်ထဲ ရောက်နေတော့သည်။ အသက် ၂၇ နှစ်အရွယ်သူမကတော့ ကလေးကိုဖျက်ချမှာမဟုတ်ဘူး ဒါမဲ့ လက်ရှိသူမက အသက် ၂၀ အရွယ် မိန်းကလေးလေ ဒီမတော်တဆက အရမ်းကို ရုတ်တရက် ဆန်လွန်းတယ် ဆိုတော့ သူမ စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးဘူး

ကိုယ်ဝန်ရှိရင် ကြုံတွေ့ရမယ့် မိန်းကလေးတိုင်းရဲ့ တုံ့ပြန်မှုပဲနေမှာပါ ကိုယ့်ကိုကိုယ် ကလေးလို့ပဲ တွေးထားတာကို ရုတ်တရက် ကလေးအမေ ဖြစ်သွားတော့မယ်?

ကလေးကို ဘယ်လို ဂရုစိုက်ရမလဲ ဘယ်လို ပညာသင်ပေးရမလဲ ကျန်းကျန်းမာမာကြီးပြင်းလာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတောင် မတွေးရသေးဘူး

ဘာမှကို မပြင်ဆင်ရသေးတာလေ

ယောင်ယောင် ဆေးရုံအပြင်က ခုံတန်းရှည်လေးမှာ ထိုင်နေခဲ့သည်။ သူမ ချက်ချင်း ဒီသတင်းကို သူများကို ပြောပြဖို့ လိုနေသည်လေ ဒါမဲ့ ဘယ်သူ့ကိုပြောရမှန်းမသိဘူး ချင်းကျင်း? သူက ခုချိန် အလုပ်များနေမှာ မားမား? ပြောလို့ရမှာ မဟုတ်လောက်ဘူး တခြားသူတွေကျတော့လည်း သူမ ရင်းနှီးတဲ့သူမှ မရှိတာပဲ

အိမ်ကအန်တီတွေကျလည်း ဒါမျိုးကိစ္စကိုပြောပြလို့အဆင်ပြေမှာမဟုတ်ဘူး ပြောပြလိုက်ရင် လူတိုင်း သိသွားကြမှာလေ

အကုန်လုံးကိုတွေးပြီးမှ သူမရဲ့ သူငယ်ချင်းကောင်း တန်ချင်းကို သတိရတော့တာပင်

ဖုန်းထုတ်ကာ နံပါတ်ကိုနှိပ်ပြီးခေါ်နေရင်းတွေးမိတာက နောက်ကျ ဖုန်းလျှော့သုံးရတော့မယ်လို့ပင်

"ဟဲလို ယောင်ယောင်?"

"အင်း" ယောင်ယောင် အသက်ပြင်းပြင်းရှုလိက်သည်။ ယောင်ယောင် စိတ်အခြေအနေက တစ်ခုခုဖြစ်နေတယ်ထင်လို့နေမည် တန်ချင်းက အမြန် "ဘာဖြစ်လို့လဲ?" လို့မေးလာခဲ့သည်။

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now