ချန်ဟောက်က သတိကြီးတဲ့သူ လော့ယောင်ယောင် သူ့ကိုကြွေသွားတာကလည်း သူမ ဖြစ်စေချင်သလိုဖြစ်သွားလို့ဆိုတာပဲ အဲ့ဒါကြောင့်လည်း သူက အကွာအဝေးတစ်ခုထားပြီးပြ သူမကို ထိန်းချုပ်ခဲ့တာ

အရေးကြီးဆုံးကတော့ ဒီမိန်းမကို ကပ်တွယ်နေဖို့ဆို တခြားလူကို အလွယ်တကူ လွှတ်မပေးလိုက်ဖို့ပဲ လိုတာလေ

ပြောရမယ်ဆို ယောကျာ်းတွေက ယောကျာ်းတွေကို နားအလည်ဆုံးပဲ ချန်ဟောက်က ချင်းကျင်းရဲ့စိတ်ကို နားလည်သည်လေ သူသာ လော့ယောင်ယောင်ကို အရင်လက်ဦးမှုယူလိုက်မယ်ဆို ချင်းကျင်းက လက်လျှော့တာ ဖြစ်ဖြစ် အဆက်အသွယ်ဖြတ်တာ ဖြစ်ဖြစ်လုပ်လိုက်မှာ ဒါက ချင်းကျင်းအတွက် ပေါလွန်းတယ်လေ ပြီးတော့ နောက်ပိုင်းကျ နှစ်ဖက်လုံး အတွက် ဆိုးကျိုးမရှိဘူး

အဲ့ဒါကြောင့် လော့ယောင်ယောင်ကို ဆက်ကစားနေပြိး ချင်းကျင်းကို ခံစားရအောင်လုပ်ပြီး လုံးဝ လက်မလွှတ်နိုင်အောင် လုပ်တာက အကောင်းးဆုံးပဲ

ပြီးတော့ ချင်းကျင်းက သူ့စိတ်ကို လည်း သိလို့ ပိုတောင် လက်မလွှတ်နိုင်တော့တာ

ချင်းကျင်းက လော့ယောင်ယောင်ကို တအားစိတ်ပူပေးတာ သနားစရာပဲ ချန်ဟောက်က ဒါကိုလုပ်နေတဲ့ ရည်ရွယ်ချက်ကို သိတာတောင် လော့ယောင်ယောင် နာကျင်ရမှာကို မကြည့်ရက်ဘူးလေ သူ့ရင်ထဲက ခံစားချက်တွေကိုလည်း မျိုသိပ်ထားရုံကလွဲပြီး မတတ်နိုင်ဘူး ပြီးတော့ လော့ယောင်ယောင်ရဲ့စိတ်နဲ့ဆိုချင်းကျင်းက သူမကို ထိန်ချန်ထားတယ်လို့ထင်သွားမှာ ဘယ်လောက် စိတ်ဝင်စာားစရာကောင်းလဲ

ချင်းကျင်း မင်းက ငါ့ကို အရာအားလုံးမှာ နိုင်ပေမယ့် မိန်းမ တစ်ယောက်ကြောင့်ပဲ ရှုံးးမှာ

ချန်မိသားစုက ဒီမြို့မှာ အိမ်ခြံမြေရောင်းဝယ်ဖောက်ကားတ့ နိုင်ငံခြားလုပ်ငန်းရှင်တွေပင် အဲ့ဒါကြောင့် ပြည်တွင်း လုပ်ငန်းရှင်တွေက ချန်မိသားးစုကို မကျေနပ် ပထမအချက်ကတော့ ဖွံဖြိုးတိုးတက်အောင်ချဲ့ထွင်ချင်တယ်ဆိုရင် ကိုယ့်လူမျိုးကပဲ​ချဲ့ထွင်သင့်တယ်ဆိုတဲ့ ခံယူချက် ကိတ်မုန့်တဖဲ့ကို အပြင်လူတွေကိုဘယ်သူကဝေမျှချင်မှာလဲ ချန်ဟောက်ကတော့ ဒါကို ရိုးရိုးရှင်းရှင်း မှားယွင်းမှု လို့ပဲ ထင်နေတာ သူတို့ဘာသာ အသုံးမကျတာကို သူများကို အပြစ်ဖို့နေကြတယ်ပေါ့

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now