မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (58)

Start from the beginning
                                    

" အစ်ကိုကြီးကို ခင် မေးချင်တာလေး ရှိသေးလို့ "

ထိုစကားကိုပြောလိုက်သည့် ခင်က သွားပေါ်အောင်လည်း ရယ်ပြနေသေးသည် ။ ရွှေရိုးနောင်၏အာရုံက ခင့်ထံ ရောက်ရှိသွား၏ ။

ခင်က နှာခေါင်းပေါ်သို့ကျနေသောမျက်မှန်ကို လက်ညှိုးထိပ်လေးဖြင့် နေရာတကျပြန်တင်ပြီးမှ အဆင်သင့်ကိုင်ထားသည့် ဘောပင်နှင့်ခပ်ရှည်ရှည်စာအုပ်ကိုကိုင်၍ ရွှေရိုးနောင်ကို အားကိုးတကြီး စကားဆို၏ ။

" ခင်က အများကြီး မမေးပါဘူး ၊ အစ်ကိုကြီး ဖြေပေးလို့ရမလား...ဟင်..."

ထိုအုပ်စုကလည်း အလည် ။  ဆိုင်တွင် လူသိပ်မကျတတ်သည့် ညနေခင်းအချိန်ကိုသာ လာတတ်၏ ။ လာလျှင်လည်း တာ့ထက် သူ့ကိုသာ
မျက်နှာချိုသွေးသည် ။

ရွှေရိုးနောင် သူ့လက်ထဲရှိ စာရွက်ခေါက်ကို တာ့လက်ထဲ ထည့်ပေးလိုက်တော့ တာက မကြည်ကြည့်ဖြင့် ကြည့်၏ ။ ထ်ိုသုံးယောက်နှင့်အတူတူ သူကပါ တာ့ကို မျက်နှာချိုသွေး ရယ်ပြမိသည် ။

" မေးမယ်ဆိုတာ ဘာမေးဖို့လဲ ညီမလေး... မေးလေ..."

" ဟုတ်ကဲ့ အစ်ကိုကြီး "

" ဟေ့...ဟေ့... ကြိုပြောထားမယ်နော် ၊ ခဲရာခဲဆစ်တွေ မမေးနဲ့ ၊ ဖြေရခက်တာတွေ မမေးနဲ့ ၊ ညည်းတို့က မရှက်တတ်ပေမဲ့ ရွှေရိုးနောင်က ရှက်တတ်တယ် "

တာ့ဆီမှ ထွက်လာသည့် စကားသံကြောင့် ခေါင်းကို ဘယ်ပြန်ညာပြန်ခါလိုက်သည့် ခင် ။

" စိတ်ချ...စိတ်ချ ၊ ဖြေရခက်တာတွေ မမေးဘူးနော် ၊ သမီးလဲ နည်းနည်းရှက်တတ်ပါတယ် "

သူကတော့ ဆယ်ကျော်သက်အရွယ် ကောင်မလေးသုံးယောက်နှင့် အသက်နှစ်ဆယ့်ခုနစ်ရှိနေသည့် တာ့ကြား ဟိုကြည့်သည်ကြည့် ။ သူ့ကိုဆို ရဲရဲတင်းတင်းစကားပြောရဲကြသော်လည်း တာ့ကိုတော့ လန့်ကြသည် ။

ရွှေရိုးနောင်က ဆိုင်ထောင့်ရှိ ကော်ခုံ၌ထိုင်လိုက်သည့်အခါ ခင်က နောက်ခုံအလွတ်တစ်လုံး၌ ထိုင်၏ ။ ခင့်မျက်လုံးများက ရွှေရိုးနောင်ပတ်ထားသည့် လက်ပတ်ကြိုး၌ ကျောက်ချနေသည် ။

" အစ်ကိုကြီးတို့က ဒီလက်ပတ်လေးတွေ အမြဲပတ်ထားကြတာပေါ့ "

" ဟုတ်တယ် ညီမလေး ...ဘာဖြစ်လို့လဲ "

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now