မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (21)

5.1K 677 90
                                    


ရွှေရိုးနောင်၏အပေါ်တွင်ဖြစ်ပေါ်နေသည့် မကျေလည်သောစိတ်အခံသည် နောက်တစ်ရက်နံနက်သို့ကူးသွားသည့်တိုင် မပြေသေး ။

မသိသည့်သူဆိုလျှင်ထိုသုံးယောက်ကို မိသားစုဟုပင် ထင်မြင်လိမ့်ည် ။ ယခင်တွေ့တုန်းက အနည်းငယ်ဝေးသဖြင့် ထိုမိန်းကလေး၏အလှအပကို သေချာမမြင်ခဲ့ရ ။ ယခုတစ်ခါတွေ့မှသာ သေသေချာချာ အကဲခတ်ခွင့်ရသည် ။ နာမည်သည်လည်း လူကဲ့သို့ပင် ခပ်လှလှ ။  မြတ်ပိုးဝါဆိုသော အမည်သည် ထိုမိန်းကလေးနှင့်အလွန်ပင်လိုက်ဖက်၏ ။ ထို့ကြောင့် ဟိုနှာဘူးကောင်က နွားပြာကြီးအောက်သွားမရှိသကဲ့သို့ တဟဲဟဲ ၊ တဟီးဟီးဖြစ်နေခြင်းသာ ဖြစ်ပေလိမ့်မည် ။

မုန့်ဟင်းခါးနှင့်ငါးပ်ိရည်ကျိုရောင်းမည့်အစား မင်းသားလုပ်လျှင် သည်နှစ်ဇာတ်ကားရိုက် ၊ နောက်နှစ်ကျအကယ်ဒမီတန်းရမည့် သရုပ်ဆောက်ချက်မျိုးကို ထိုနှာဘူးကောင်သည် အပီပြင်ဆုံးသရုပ်ဆောင်န်ိုင်သည် ။ ပီတာထွန်းညွှန့်မှာတော့ သူ့ကိုသနားစိတ်လေးဝင်ပြီး ဒန်အိုးကြီးဆေးတုန်းကလည်း ညစ်ပတ်ခံပြီးကူညီမိသေးသည် ။ သူ့ကိုပုဆိုးအကောင်းစားလေးဝတ်စေချင်သဖြင့် မကြီးကိုဖုန်းဆက်ပြီး ဈေးကြီးသည့်ပုဆိုးအမျိုးအစားကိုဝယ်ပေးရန်လည်း မသိမသာပူဆာရ၏ ။ အလကား ၊ စေတနာနှင့်မတန်သည့်သူ ။

ဒေါသကြောင့်အရောင်တောက်နေသော မျက်ဝန်းများသည် ခဏအတွင်းမှာပင် အရောင်မှိန်ကျသွားသည် ။ တကယ်တမ်း သူနှင့်ရွှေရိုးနောင်၏ခင်မင်မှုမှာ လပိုင်းပင်ရှိသေးသည် ။ စကားဆိုလျှင်လည်း ရေရေရာရာ အများကြီးပြောခဲ့ဖူးသည်မဟုတ် ။ သက်သက်မဲ့သူ့ကို အာရုံနောက်အောင်လုပ်သည့်သူ ။ မသိများမသိလျှင် အရာရာကိုအလျှော့ပေးထားသည့်ပုံစံမျိုးနှင့် ။ ယခုအချိန် ရွှေရိုးနောင် သူ့ရှေ့တွင်သာပေါ်လာကြည့် ။ မွေးညှပ်ကိုယူပြီး မျက်နှာမှာရှိသည့်အမွေးအမျှင်များက်ို တစ်ပင်ချင်း ဆွဲနှုတ်ပစ်မိလိမ့်မည် ။ ကိုရီးယားဇာတ်လမ်းတွဲများတွင်ပါဝင်သည့်ဇာတ်ဝင်ခန်းများလို မကျေနပ်သူကိုဂျုံမှုန့်နှင့်ပစ် ၊ ကြက်ဥပုပ်နှင့်ပေါက်သလိုမျိုးလည်း လုပ်ချင်မိသည် ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now